နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့် မဟာမိတ်ပိုမိုခိုင်မာအောင်လုပ်မည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ပြောကြား

တိုကျို၊  အောက်တိုဘာ ၇


အမေရိကန်နှင့် မဟာမိတ်ပိုမိုခိုင်မာအောင်လုပ်မည်ဟု ဂျပန်ဝန်ကြီးချုပ်သစ်  ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံတွင် ဆန်ကာကုကျွန်းစုဟုခေါ်သော အရှေ့ တရုတ်ပင်လယ်မှ အငြင်းပွားနေသည့် ကျွန်းစုကို ကာကွယ်ရေးနှင့်ပတ်သက် သည့် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို သမ္မတဂျိုးဘိုင်ဒင်ထံမှ ရရှိခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါက ပြောကြားသည်။ 


ကီရှီဒါအဖြင့် ဘိုင်ဒင်နှင့် ဖုန်းမိနစ် ၂၀ ကြာဆက်သွယ်ပြောကြားခဲ့ပြီး လွတ် လပ်ပွင့်လင်း သည့် အင်ဒို-ပစိဖိတ်ဒေသ ထူထောင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရန်သဘောတူကြောင်း ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ 


ကီရှီဒါသည် လာမည့် အောက်တို ဘာလ ၃၁ ရက်နေ့တွင် ပါလီမန်ရွေး ကောက်ပွဲများ ကျင်းပရန် ကြေညာပြီး ကပ်ရောဂါတုံ့ပြန်မှု ပိုမိုကောင်းမွန် အောင်လုပ်ရန်  ကတိပေးပြီးနောက် တနေ့တွင် ကန်သမ္မတ ဘိုင်ဒင်ကို  ဖုန်းဖြင့် ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

ရဲခေါင်(Ref:Reuters)






အခြားဆက်စပ်သတင်းများ