နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှတရားခံကို အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန် မေ ၂၈


  မေ ၂၆ ရက်၊ နံနက်  ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ရှေ့ရပ်ကွက်၊ (၉၄)လမ်း၊ အမှတ်(၉၄)၊ (၇)လွှာ၊ တိုက်ခန်း(၈)လှေခါးခွင်တွင် အမည်မသိအမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ ခေတ္တစခန်းမှူး ရဲအုပ် ဆန်းမြင့်ဦး နှင့်အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးသူအမည်မသိ အမျိုးသမီး၏ လည်ပင်းဝဲယာထိုးသွင်းဒဏ်ရာ(၁၄)ချက်၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ(၅)ချက်၊ ဝဲလက်မောင်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ တာဝန်မှူး ဒုရဲအုပ် မီမီဖြိုးကျော်က တရားလိုပြုလုပ် တိုင်တန်း အရေးယူမှု ဖြစ်ပါသည်။


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သတင်းရလျှင်ရချင်း သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူ တရားခံအား အမြန်စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုဌာနခွဲ(၁/၂)မှတပ်ဖွဲ့ဝင်များသည် အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့်အတူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အခင်းဖြစ်ရပ် အား အသေးစိတ်စစ်ဆေးရှာဖွေဆောင်ရွက်ခဲ့ရာ အခင်းဖြစ်အရပ်မှတွေ့ရှိသည့် ဓာတ်မှန်စစ်ဆေးချက်အရ  သေဆုံးသူမှာ ကိုယ်ဝန်(၅)လရှိ မ ချမ်းမြေ့ဦး ၊ (၂၄)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။


 သေဆုံးသူနှင့်ပတ်သက်၍ ထပ်မံအတည်ပြုစုံစမ်းခဲ့ရာ မရီရီနွယ်(ခ)မချမ်းမြေ့ဦး၊ (၂၄) နှစ် (ဖ) ဦး---- အခန်းအမှတ်(B-1)၊ မောင်မျိုးအဆောင်၊ အမှတ်(၃၁၇/ခ)၊ စန္ဒာလမ်းသွယ်၊ ဒိုင်းစုရပ်ကွက်၊ လှိုင်သာယာ မြို့နယ်နေသူဖြစ်ကြောင်းသိရှိရသည်။ ရဲတပ်ဖွဲ့ဝင်များက ရရှိသတင်းအချက်အလက်များအပေါ် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ မသင်္ကာသူ နိုင်ရဲကျော်(ခ)ထက်မင်းအောင်(ခ) အောင်အောင်အား မေ ၂၆ ရက် ည ၈ နာရီ ၄၀ မိနစ်အချိန်၊ (အခင်းဖြစ်ပွားပြီး (၉)နာရီအတွင်း) ဗညားဒလလမ်းနှင့် (၁၂၆)လမ်းထိပ်၌တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပါသည်။


တရားခံ နိုင်ရဲကျော်(ခ)ထက်မင်းအောင်(ခ)အောင်အောင် တိုက်အမှတ်(၁၂၈)၊ (၅)လွှာ၊ (၁၂၈) လမ်း၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကို စစ်မေးရာ သေဆုံးသူနှင့် ချိန်းတွေ့စဉ် စကား များရန်ဖြစ်ပြီး ပြစ်မှုအားကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယင်းပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်သည့် အင်္ကျီအဝတ်အစားများနှင့် အသုံးပြုသည့် စတားဝက်အူလှည့်(၁)ချောင်းတို့အား သိမ်းဆည်းရရှိပြီးဖြစ်၍ ဥပဒေ နှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ