နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာကွယ်မည့် Merck ကုမ္ပဏီထုတ် သောက်ဆေးကို ကမ္ဘာတစ်ဝန်းသုံးစွဲနိုင်ရေး ခွင့်ပြုချက်တောင်းမည်

ဝါရှင်တန်၊  အောက်တိုဘာ ၄


ကိုဗစ်-၁၉ ကပ်ရောဂါအတွက် အမေရိကန်ဆေးကုမ္ပဏီတစ်ခုဖြစ်သည့် Merck ကုမ္ပဏီထုတ်သောက်ဆေး ကို coronavirus ပိုး လတ်တလော ကူးစက်နေသူများနှင့် စမ်းသပ်ခဲ့ရာ ဆေးရုံတင်ရမှုနှင့် သေဆုံးမှုကိုထက်ဝက် လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကိုဗစ်ရောဂါ ကာကွယ် သည့်သောက်ဆေးကို အမေရိကန်နှင့် ကမ္ဘာတစ်ဝန်းတွင် သုံးစွဲနိုင်ရေးခွင့်ပြုချက်တောင်းမည်ဖြစ်ကြောင်း  Merck ဆေးကုမ္ပဏီက   ပြောကြားထားကာအ ကယ်၍    ခွင့်ပြုချက်ရမည်ဆိုပါက အဆိုပါဆေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကို ကာကွယ်ကုသနိုင်မည့် ပထမဆုံး သောက်ဆေးဖြစ်လာမည် ဖြစ်သည်။ 


စမ်းသပ်မှုကို ကုမ္ပဏီတွင်းထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကူးစက်နေသူ များအနက် အဝလွန်သူတွေ၊ ဆီးချို ရောဂါနှင့် နှလုံးရောဂါရှိသူများ အပါအ ဝင် စိုးရိမ်အဆင့် သတ်မှတ်ခံထားရ သည့် ရောဂါလက္ခဏာမပြင်းထန်သူ ၇၇၅ ယောက်ကိုပါ စမ်းသပ်ခဲ့ခြင်းဖြစ် သည်။  


Molnupiravir ဟု အမည်ပေးထား သည့် ယင်းဆေးကို သောက်သုံးသူများ အနက် ရက် ၃၀ အကြာတွင် ဆေးရုံတင် ကုသမှုခံရသူနှင့် သေဆုံးသူ ၇ ဒသမ ၃ ရာခိုင်နှုန်းသာရှိပြီး အာနိသင်မပါသည့် ဆေး သောက်သူများအနက် ဆေးရုံတင် ကုသမှုခံရသူနှင့် သေဆုံးသူမှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း သိရ သည်။                 မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ