နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံရေးလောကမှ အနားယူမည်ဟု ဖိလစ်ပိုင်သမ္မတ ကြေညာချက်အပေါ် ထင်ကြေးအမျိုးမျိုး ထွက်နေ

မနီလာ၊  အောက်တိုဘာ ၄


နိုင်ငံရေးလောကမှ အနားယူတော့ မည်ဖြစ်ကြောင်း  ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ရုတ်တရက် ကြေညာ လိုက်သည်။ အဆိုပါကြေညာ ချက်သည် ယင်း၏သမီးဖြစ်သူကိုသမ္မတ နေရာဆက်ခံရေး ဝင်ပြိုင်နိုင်ရန်လမ်းဖွင့် ပေးသည့် မထင်မှတ်သော ကြိုးပမ်းမှု တစ်ရပ်ဖြစ်နိုင်ကြောင်း နိုင်ငံရေးလောက အတွင်း ခန့်မှန်းချက်များလည်းထွက် ပေါ်လျက်ရှိသည်။ 


ဖွဲ့စည်းပုံဥပဒေအရ ၆ နှစ် သက်တမ်း တစ်ခုသာပေးထားသည့်   ဖိလစ်ပိုင် သမ္မတနေရာ  ဆက်ပြိုင်ခွင့်မရှိတော့ သည့်အတွက် သမ္မတနေရာ ဝင်ပြိုင်ရန် ယခင်ပြောခဲ့ဖူးသည့် သမ္မတ၏ သမီး Sara Duterte ဝင်ပြိုင်ရန် လမ်းဖွင့်ပေး လိုက်ခြင်းပင်ဖြစ်ကြောင်း Ateneo de Manila တက္ကသိုလ် ဥပဒေနဲ့နိုင်ငံရေး ပါမောက္ခ Antonio La Vina က အတိအ ကျပြောကြားသည်။ 


Duterte သမ္မတမဖြစ်ခင် ရခဲ့သည့် Davao မြို့ဝန်နေရာကိုဆက်ခံထားသည့် သမီးဖြစ်သူသည် လာမည့်နှစ်သမ္မတ ရာထူးကို ဝင်ပြိုင်မည်မဟုတ်ကြောင်း ကြေညာထားသော်လည်း ယခုမူ အခြေအနေတမျိုး ပြောင်းလာနိုင်ဖွယ် ရှိကြောင်း Antonio က သုံးသပ်ပြောကြား သည်။ 


သို့ရာတွင် မူးယစ်နှိမ်နင်းရင်း လူ ထောင်ချီသတ်ခဲ့ခြင်းအတွက်   ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတွက် တရားစွဲ ခံထားရသည့် သမ္မတ Duterte အနေ ဖြင့် ရှေ့ရေးလုံခြုံမှုသေချာစေရန် ရွေး ကောက်ပွဲ နီးကပ်မှ ဒုသမ္မတနေရာ ဝင်ပြိုင်ခြင်းမျိုးကို လုပ်လာနိုင်ကြောင်း ထင်ကြေးများလည်း ထွက်ပေါ်လျက်ရှိ သည်။                  ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ