နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့်သဘောတူညီချက်ကို ပြန်လည်သုံးသပ်ခြင်း မပြုလုပ်ရန် ဖိလစ်ပိုင်ကို တရုတ်တိုက်တွန်း

ဘေကျင်း၊  အောက်တိုဘာ ၄


ဖိလစ်ပိုင်နှင့် အမေရိကန်အကြား နှစ် ၇၀ ကာကွယ်ရေးစာချုပ်ကို ပြန်လည် သုံးသပ်ရန် ဖိလစ်ပိုင်က လိုလားနေပြီး ယင်းကို တရုတ်က ဆန့်ကျင်ကန့်ကွက် လိုက်ကြောင်းသိရသည်။ အဆိုပါစာချုပ် သည် တရုတ်၏ အင်အားကြီးထွားလာမှု ကို ထိန်းချုပ်ရန် ဆောင်ရွက်မှုအဖြစ် တရုတ်အစိုးရက  သတ်မှတ်မည်ကို စိုးရိမ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက ပြောကြားထားသည်။ 


ဖိလစ်ပိုင်သည် တိုက်ခိုက်ခံရမှု အန္တရာယ်ကြုံခဲ့ပါက အမေရိကန်အနေ ဖြင့် မဟာမိတ်ကို မည်သည့်အတိုင်းအ တာအထိ ကာကွယ်ပေးနိုင်လိမ့်မည်ဆို သည်ကို ရှင်းလင်းစွာဖော်ပြမည့် ၁၉၅၁ ခုနှစ် အပြန်အလှန် ကာကွယ်ရေးစာချုပ် (MDT) ကို ပြင်ဆင်ရန် ဖိလစ်ပိုင်ကစိတ် အားထက်သန်လျက်ရှိသည်။ 


MDT ချုပ်ဆိုမှု နှစ် ၇၀ ပြည့်အခမ်း အနားတစ်ခု၌ တရုတ်သံတမန်ဟောင်း တစ်ဦးက ယင်းကိစ္စကို နောက်ဆုတ်ရန် တွန်းအားပေးခဲ့သည်ဟု   ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင်လောရန် ဇာနာက ပြောသည်။ 


ဖိလစ်ပိုင်နှင့် အမေရိကန်မဟာမိတ် ဖွဲ့မှုသည် ၁၀ စုနှစ်ပေါင်းများစွာတည်ရှိ ခဲ့ဖြစ်ပြီး   ပူးတွဲစစ်ရေးလေ့ကျင့်မှု အတွက် အမေရိကန်တပ်ဖွဲ့များအလှည့် ကျချထားခြင်း၊ ထောက်လှမ်းရေးဆိုင် ရာ ဖလှယ်ခြင်း များနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ  လွှဲပြောင်းမှုများလုပ်ဆောင် ကြလေ့ရှိသည်။          ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ