နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
KODOKAN INTERNATIONAL SEMINAR 2021 သင်တန်းကို အွန်လိုင်းမှ ပို့ချ

ရန်ကုန်၊ အောက်တိုဘာ ၃


JAPAN FOUNDATION ASIA CENTER JAPAN-ASEAN-JITA-KYOEI PROJECT မှ စီစဉ်ပြုလုပ်သော ONLINE KODOKAN INTERNATIONAL SEMINAR 2021 ကို အောက်တိုဘာ ၂ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပို့ချခဲ့ကြောင်း မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 


အဆိုပါ သင်တန်းကို အချိန်သုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့ရာ ဂျူဒိုအဖွဲ့ချုပ် မှ အထွေထွေအတွင်းရေးမှူး ဦးဆောင်သော သင်တန်းသား၊ သင်တန်းသူများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူများ စုံလင်စွာ Online မှ တက်ရောက်ကြသည်။ သင်တန်း ပထမပိုင်း တွင် SENSEI SAMESHIMA မှ Judo history,The purpose of Judo, Teaching method for beginner ကိုလည်းကောင်း၊ သင်တန်း ဒုတိယပိုင်းတွင် SENSEI AKIYAMA မှ Judo Training ကိုလည်းကောင်း၊ သင်တန်း တတိယပိုင်းတွင် SENSEI SHIMO-YAMA မှ Teaching method for player, Application of Waza ကိုလည်းကောင်း သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းပို့ချခြင်းကို Online ဖြင့် KODOKAN မှ ဆရာများ သင်ကြား ပို့ချပေးသည်ကို ဂျပန်နိုင်ငံမှ ကိုထွန်းအောင်@Mr.YOKOYAMA က စကားပြန်အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။                        မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ