နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်-တရုတ်ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မျှော်လင့်

တိုကျို၊  အောက်တိုဘာ ၆


ထိုင်ဝမ်နှင့် တရုတ်တို့သည် ယင်း တို့ အချင်းချင်းပြဿနာများကို ငြိမ်းချမ်း စွာဖြေရှင်းနိုင်ရန်  မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဇု မို တာဂီက ပြောကြားလိုက်သည်။ 


ထို့ပြင် ယင်းတို့အခြေအနေကို ဂျပန် နိုင်ငံအနေဖြင့် ဆက်လက်စောင့်ကြည့် သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီး က ထပ်မံပြောကြားသည်။ 


လက်ရှိတွင် ဂျပန်နိုင်ငံပတ်ဝန်းကျင် ရှိ နိုင်ငံများ၏ ပထဝီနိုင်ငံရေးအခြေအနေ မှာ ပိုမိုရှုပ်ထွေးလာပြီး ခက်ခဲလာကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသစ်  တိုရှီမစ် ဇုမိုတီဂျီက ပြောကြားထားပြီး ဂျပန်၏ စီးပွားရေး သံတမန်ရေးကို မြှင့်တင်ရန် နှင့် တူညီသောစိတ်ထားရှိသောနိုင်ငံ များနှင့်   ဆက်ဆံရေးကိုမြှင့်တင်ရန် ယင်း၏ မျှော်လင့်ချက်များကို ပြည်သူ လူထုထံ အသိပေးပြောကြားထားသည်။ 


ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ် ဇုမိုတာဂီသည် ယခင် ဂျပန်ဝန်ကြီးချုပ် ဟောင်း ဆူဂါလက်ထက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခုရက် ပိုင်းအတွင်း ဝန်ကြီးချုပ်ဖြစ်လာသူ ဖူမီ ယိုကီရှီဒါလက်ထက်တွင်လည်း လက်ရှိ ရာထူးအတိုင်း ဆက်လက်တာဝန်ထမ်း ဆောင်စေခြင်း ဖြစ်သည်။

မျိုးဝင်း (Ref:Reuters)






အခြားဆက်စပ်သတင်းများ