နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ခေါင်းဆောင်အများစု၏ ဘီလီယံချီ ကြွယ်ဝပိုင်ဆိုင်မှုများ ပေါက်ကြားနေ

ဝါရှင်တန်၊  အောက်တိုဘာ ၆


ကမ္ဘာ့ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့်  ဘီလီယံနာများ၏ လျှို့ဝှက် ဆက်ဆံရေးနှင့် ပိုင်ဆိုင်မှုများအကြောင်း သမိုင်းဝင်ဘဏ္ဍာရေးစာရွက်စာတမ်း ပေါက်ကြားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ယင်းဖိုင်များတွင် လက်ရှိ အစိုးရခေါင်းဆောင်များ၊   ယခင်အစိုးရခေါင်းဆောင် များနှင့် အရာရှိ ၃၀၀ ကျော်၏ ကုမ္ပဏီများအကြောင်း ပါဝင်ပြီး ထိုစာရွက်စာတမ်း များကို ပန်ဒိုရာစာတမ်းများဟု ခေါ်ဆိုသည်။ ဂျော်ဒန်ဘုရင်သည် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တွင်ပေါင် သန်း ၇၀ တန် အိမ်ခြံမြေများ စုဆောင်းထားပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် သူ၏ ဇနီးတို့သည် လည်း လန်ဒန်မှရုံးခန်းကို    ဝယ်ယူစဉ်ကတံဆိပ်ခေါင်းခွန် ၃၁၂၀၀၀ ပေါင် သက်သာခဲ့ကြောင်းလည်း ထို စာရွက်စာတမ်းများတွင် ပြသထားသည်။ 


အလားတူ ရုရှားသမ္မတ ပူတင်သည်လည်း မိုနာကိုတွင် လျှို့ဝှက်ပိုင်ဆိုင်မှု များရှိနေကာ    ယခုပတ်အတွင်း ရွေးကောက်ပွဲဝင်ရမည့်  ချက်ဝန်ကြီးချုပ် အင် ဒရေ့ဘားဘစ်မှာမူ ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဗီလာအိမ်ကြီး ၂ ခုကို ဝယ်ခဲ့ဖူး သော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုပိုင်ဆိုင်ကြောင်း ကြေညာရန်ပျက်ကွက်သည်ဟု စာတမ်းတွင် ပြသနေသည်။ 


ယခုပေါက်ကြားမှုတွင် အဇာဘိုင်ဂျန်၊ ဆိုက်ပရပ်စ်၊ ကင်ညာ၊ ပါကစ္စတန်၊ ယူကရိန်း၊ အီကွေဒေါ စသည့်နိုင်ငံများမှ ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင် နေကြောင်း သိရသည်။

မျိုးဝင်း(Ref:BBC)






အခြားဆက်စပ်သတင်းများ