နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်မည်ဟု ဂျပန်ဝန်ကြီးချုပ်သစ် ကီရှိဒါ ပြောကြား

တိုကျို၊  အောက်တိုဘာ ၆


ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာသူ ကီရှီဒါသည်  အောက်လွှတ်တော်ကို အောက်တိုဘာလ ဒုတိယပတ်အတွင်း ဖျက်သိမ်းရန် အစီအစဉ်ရှိနေပြီး လာ မည့်နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေကြောင်းသိရသည်။ 


ကီရှီဒါသည် ပါလီမန်တွင် ပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ် ခံရပြီးနောက် ဂျပန်ဝန်ကြီးချုပ်နေရာ အတွက် ရာထူးစတင်ယူလိုက်ပြီဖြစ်ပြီး ဂျပန်နိုင်ငံ၏   အဓိကအုပ်ချုပ်ရေး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ခေါင်း ဆောင် ကီရှီဒါ ဖူမီယိုအနေဖြင့် လက်ရှိ တွင်  အစိုးရသစ်တစ်ရပ် စတင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ 


အသက် ၆၄ နှစ်အရွယ်ရှိ ဂျပန် ဝန်ကြီးချုပ်အသစ်  ကီရှီဒါအနေဖြင့် ယင်းဖွဲ့စည်းလိုက်သည့် အစိုးရသစ်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တိုရှီမီဆု မိုတဲဂျီ၊ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရှုနီချီ ဆူဇုကီ၊ အစိုးရအဖွဲ့အတွင်းရေးမှူး အဖြစ် ဟီရိုကာဇူ မက်ဆူနိုတို့ကိုနေရာ အသီးသီး ခန့်အပ်လိုက်ကြောင်း သိရ သည်။ နီးစပ်သူတွေရဲ့ပြောကြားချက် အရ  ကီရှီဒါဟာ  အောက်လွှတ်တော် ကို အောက်တိုဘာ  ၁၄ ရက်မှာ ဖျက် သိမ်းဖို့ အစီအစဉ်ရှိနေပြီး နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲကျင်းပရန်စီစဉ် နေကြောင်း သိရသည်။ 


အကယ်၍ ဝန်ကြီးချုပ်သည် အောက် လွှတ်တော်ကို ဖျက်သိမ်းမည်ဆိုပါက ရက်ပေါင်း ၄၀ အတွင်း လွှတ်တော် အတွက် အထွေထွေရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။

ရဲခေါင်(Ref:NHK)






အခြားဆက်စပ်သတင်းများ