နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

လိပ်သို၊  အောက်တိုဘာ ၆


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် အောက်တိုဘာ ၅ရက်တွင် ကျရောက်သည့်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် စာရေးဆရာ မောင်မိုးယံရေးသားသော  “ လူငယ်နှင့်အနာဂတ် ဘ၀မြှင့်တင်ရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကို  အောက်တိုဘာ ၅ ရက်၊ နံနက် ၉ နာရီက လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ   ၅ ရက်တွင် ကျရောက်သည့်  ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့်  စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းမှရရှိသည့်  အသိပညာဗဟုသုတများကို  သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက် ရခြင်းဖြစ်ကြောင်းစသည်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် မသက်ဝေနှင်းက စာရေးဆရာမောင်မိုးယံ၏ လူငယ်နှင့် စာပေမြတ်နိုးစိတ်ခေါင်းစဉ်ထဲမှ လူငယ်နှင့်စာပေမြတ်နိုး စိတ်ဆိုသောအကြောင်းအရာကို  စဉ်းစားကြည့်သောအခါ ယနေ့ခေတ်ကာလတွင် လူငယ်နှင့် စာပေတဖြည်းဖြည်း ဝေးကွာ လာသည်ကို ပြောလိုသောဆန္ဒဖြစ်မိပါကြောင်း၊ လူငယ်သည် သဘာ၀အားဖြင့် အချိန်တန်လျှင် အသက်အရွယ်အရကြီးလာပြီး လူကြီးဖြစ်လာမည်မှာ မလွဲသော်လည်း အချိန်မစီး တန်ဖိုးမတက်သော လူကြီးတစ်ဦးဖြစ်လာလျှင်တော့ ဆန်ကုန်မြေလေးဖြစ်ပါကြောင်း၊ လူငယ်မှ လူကြီးဖြစ်လာဖို့  ကြားကာလ  သက်တမ်းသည် လူတစ်ယောက်၏ အသိပညာ ၊ အတတ်ပညာ၊ ကြွယ်၀မှု ၊ အသိတရား တိုးတက်မြင့်မားလာမှုက အရေးကြီးပါကြောင်း၊ အသိတရား မြင့်မားလာဖို့ဆိုလျှင် ပြုပြင်ထိန်းကြောင်းသော ဆရာနှင့် အသိတရား တိုးတက်စေမည့် စာပေက အခရာဖြစ်ပါကြောင်းကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ