နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်စစ်ပွဲကိစ္စနှင့်ပတ်သက်၍ ကန် ကွန်ဂရက်လွှတ်တော်တွင် အခြေအတင် ငြင်းခုန်မှုများဖြစ်ပွား

ဝါရှင်တန်   အောက်တိုဘာ  ၁


အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကြာ စစ်ပွဲအဆုံးသတ်ပြီး တပ်ဖွဲ့များ ရုပ်သိမ်းသည့်      အစီအစဉ်အပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် ကြားနာရာ အခြေအတင်ငြင်းခုန်သည် အထိဖြစ်ခဲ့ကြကြောင်း သိရသည်။ 


ကြားနာပွဲတွင် လွှတ်တော်အမတ် အချို့သည် အမေရိကန်အဆင့်မြင့်အရာရှိ များကို ရာထူးမှထွက်ရန်တောင်းဆိုခဲ့ကြ သလို အခက်အခဲကြားက အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း ချီးကျုးသူများ လည်းရှိခဲ့ကြောင်း သိရသည်။


အမေရိကန် စစ်ဖက်ဆိုင်ရာအရာရှိ များ၏    အကြံပြုချက်များကိုဆန့်ကျင် ပြီး    ပြီးခဲ့သည့်လအတွင်း တပ်များ ရုပ်သိမ်းခဲ့ခြင်းကြောင့်   သမ္မတ  Joe Biden အစိုးရကို  ပြင်းပြင်းထန်ထန် ဝေဖန်သူများတွင် အတိုက်အခံ ရီပတ် ဘလစ်ကန် ကိုယ်စားလှယ်များအများစု ပါဝင်လျက်ရှိသည်။ ဝေဖန်မှုများပြင်းထန် လာခြင်းကြောင့် ကြားနာပွဲတွင်  ဒီမို ကရက်တစ် ပါတီ ကော်မတီဥက္ကဋ္ဌ Adam Smith အနေဖြင့် မကြာခဏ ကြားဝင် ဟန့်တားနေရပြီး အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ခန့် ချန်ထား ရန်  အစဉ်တစိုက်တိုက်တွန်းစည်းရုံးခဲ့ ကြောင်း သိရသည်။


ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ