နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကြောင့် နောက်ဆက်တွဲ ဆီးချိုရောဂါဖြစ်နိုင်ကြောင်း သုတေသီများတွေ့ရှိ

ရောမ  အောက်တိုဘာ  ၁


ကိုဗစ်ရောဂါပိုးကြောင့်     ဆီးချို ရောဂါဖြစ်နိုင်ကြောင်း အီတလီဆေး သုတေသီများကတွေ့ရှိခဲ့ကြောင်း သိရ သည်။ Covid ရောဂါပိုးသည် သွေး အတွင်း သကြားဓာတ်ကို     လျော့ကျစေသည့် အင်ဆူလင်ဟော်မုန်းထုတ်လုပ်သော ပန်ကရိယ (ခေါ် ) မုန့်ချိုအိပ်ကို ပျက်စီး စေသည့်အတွက် ဆီးချိုရောဂါဖြစ်နိုင် ဖွယ်ရှိကြောင်း အီတလီနိုင်ငံ စီရယ်နာ Siena တက္ကသိုလ်၏ လေ့လာမှုတစ်ခု တွေ့ရှိခဲ့သည်။ 


ကိုဗစ်ရောဂါပိုးသည် ပန်ကရိယရှိ ဆဲလ်များ၏ မျက်နှာပြင်ပေါ်မှ အင်ဇိုင်း များကို တိုက်ခိုက်ဖျက်စီးသည့်အတွက် ပန်ကရိယပျက်စီးနိုင်ကြောင်း သုတေသီ များက ပြောကြားထားခြင်းဖြစ်သည်။ 


သီးခြားလေ့လာမှုတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စု နယူး ယောက် ဝိုင်းကော်နဲလ်ဆေးသုတေသနဌာန Weill Cornell Medicine ၏ တွေ့ရှိချက် အရ Covid  ရောဂါပိုးသည်  Beta Cells များကို တိုက်ခိုက်သည့်အတွက် ခန္ဓာကိုယ် အတွင်း သကြားဓာတ် များကို ဆဲလ်အတွင်းသွင်းပေးပြီး သကြားဓာတ် ကိုထိန်းညှိပေးသည့်       အင်ဆူလင် ဟော်မုန်းထုတ်လုပ်မှုကို     ကျဆင်းစေ ကြောင်း သုတေသီများကထုတ်ပြန်ထား သည်။ 


ယင်းအနေအထားများမှတစ်ဆင့် ဆီးချိုရောရောဂါအဖြစ် ရောက်ရှိသွား နိုင်ကြောင်း    လေ့လာချက်များတွင် ဖော်ပြထားခြင်းဖြစ်သည်။

မျိုးဝင်း(ref:BBC)






အခြားဆက်စပ်သတင်းများ