နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့၌ ကလေးငယ်များကို ငွေတောင်းခိုင်းသော ဖခင်နှစ်ဦး ထောင်တစ်နှစ်စီ ချမှတ်ခံရ

မန္တလေး    မေ    ၂၈


မန္တလေးမြို့နယ် ပြည်သူ့ဆေးရုံကြီးရှေ့တွင် ကလေးငယ်နှစ်ဦးကို ငွေတောင်းရမ်းခိုင်းသော အမျိုးသား နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီကျခံဖို့ ချမ်းအေးသာစံမြို့နယ်တရားရုံးက မေ ၂၆ ရက်က အမိန့်ချလိုက်ကြောင်း သိရသည်။


အသက် ၄ နှစ်ကျော်နှင့် အသက် ၆ နှစ်ကျော်အရွယ်ကလေးငယ်များကို တောင်းရမ်းခိုင်းနေသော ရုပ်သံဗီဒီယိုဖိုင်သည် အင်တာနက်လူမှုကွန်ရက်စာမျက်နှာထက်၌ ပျံ့နှံ့ခဲ့ပြီးနောက် တောင်းရမ်းခိုင်းသူ နှစ်ဦးကို မေ ၂၅ ရက်ကဖမ်းဆီးပြီး ချမ်းအေးသာဇံမြို့နယ်၊ ဟေမာဇလရပ်ကွက် ရာအိမ်မှူး ဦးထွန်းထွန်းကျော်က အမှတ်(၈)ရဲစခန်းတွင် ကလေး သူငယ်အခွင့်ရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (ခ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကလေးငယ်များကို လူမြင်ကွင်းတွင် ငွေကြေးတောင်းခိုင်းခဲ့ခြင်းကို ယင်းတို့က တရားရုံး၌ဝန်ခံခဲ့ခြင်း ကြောင့် အလုပ်နှင့်ထောင်ဒဏ် အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တရားရုံးက တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်းက ပြောသည်။


လက်ရှိ ကလေးနှစ်ဦးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ယူရန် စီစဉ်ထားကြောင်း တရားရုံးက သိရသည်။


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ