နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာလီဘန်အစိုးရ အပြုအမူများမှာ အားရဖွယ်မရှိကြောင်း ဥရောပသမဂ္ဂ ပြောကြား

ကဘူးလ်၊  အောက်တိုဘာ ၅


အာဖဂန်နစ္စတန်တွင် ဖွဲ့စည်းထားသည့် တာလီဘန်အစိုးရ၏ ပြုမူဆောင်ရွက် ချက်များသည် လက်ရှိအချိန်ထိ အားရဖွယ်မရှိကြောင်း ဥရောပသမဂ္ဂ၏နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောကြားလိုက်သည်။ 


အာဖဂန်တွင် စီးပွားရေးပြိုလဲနေခြင်းသည် အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုနှင့် အခြားအန္တရာယ် များကိုပါ တိုးလာစေနိုင်ကြောင်း ဆော်ဒီအာရေဗျခေါင်းဆောင်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Josep Borrell က ထောက်ပြပြောခဲ့ ခြင်းဖြစ်သည်။  


ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် Josep Borrell သည် ဆော်ဒီနိုင်ငံ Riyadh မြို့ကိုရောက်ရှိနေပြီး အာဖဂန်နှင့် ယီမင်နိုင်ငံအရေးကိစ္စများကိုဆွေးနွေးနေ ခြင်းဖြစ်သည်။ အာဖဂန်တွင် တာလီဘန်အုပ်စုအနေဖြင့်အာဏာရယူခဲ့ချိန်မှစ၍ ဥရောပသမဂ္ဂက လူသားချင်းစာနာသည့် အကူအညီများတိုးမြှင့်ပေးအပ်ခဲ့သော် လည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့များကိုမူ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။


အလားတူ ဥရောပသမဂ္ဂလိုပဲ အခြားနိုင်ငံတွေနဲ့ ကမ္ဘာ့ဘဏ်ကပါ အကူအညီ တွေ ရပ်ဆိုင်းထားသည်ဟု သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် အီရန်နျူကလီးယား အရေးနှင့်ပတ်သက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ကြား ဆွေးနွေး ပွဲများကို မကြာမီပြန်စနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယင်းက ပြောသည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ