နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကလုန်း ရှာဟီကြောင့် အိုမန်တွင် လူ သေဆုံးမှုများ ဖြစ်ပွား၊ လေယာဉ်ခရီးစဉ်များရွေ့ဆိုင်း

မူစကတ်၊  အောက်တိုဘာ ၅


အပူပိုင်းဆိုင်ကလုန်း   ရှာဟီ၏ မုန်တိုင်းဗဟိုချက် ဖြတ်သန်းတိုက်ခတ်ခဲ့ ရာ အိုမန်တွင် အနည်းဆုံး ၃ ဦးသေဆုံး ခဲ့ကာ အာဏာပိုင်များက ကမ်းခြေဒေသ များမှဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့်  မြို့တော် မူစကတ် သို့ အပြန်လေယာဉ်ခရီးစဉ်များကိုရွှေ့ ဆိုင်းရန်တိုက် တွန်းခဲ့ကြောင်းသိရ သည်။ 


နိုင်ငံပိုင်မီဒီယာက ရေထဲမျောပါ သွားသော ကလေးတစ်ဦးကိုသေဆုံး လျက် တွေ့ရကြောင်းဆိုပြီး အခြားတစ် ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်း ထုတ်ပြန်ထားသည်။  ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှုကြောင့် စက်မှု ဇုန်တစ်ခုရှိ အိမ်ရာဧရိယာတွင်တောင် ကုန်းတစ်ခုပြိုကျသဖြင့် အာရှအလုပ် သမားနှစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံ ပိုင်သတင်း ဌာနကဖော်ပြသည်။ 


မတော်တဆဖြစ်ပွားမှုများကို ရှောင် ရှားရန်အတွက် မြို့တော် အရှေ့ဘက် အယ်လ်ကွာရမ်ကို ဓာတ်အားထောက်ပံ့ မှုဖြတ်တောက်မည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး မုန်တိုင်းဒဏ်မှဘေးကင်း စေရန် ပြည်သူ ၂၇၀၀ ကို အရေးပေါ် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း   အမျိုးသားအရေးပေါ် ကော်မတီက ပြောကြားသည်။ 


ကမ္ဘာတဝန်းသို့ ရေနံတင်ပို့သော နိုင်ငံဖြစ်သည့် အိုမန်နိုင်ငံတွင် နိုင်ငံ လူဦးရေငါးသန်းမှာ မြိုတော် မူစကတ် တစ်ဝိုက်တွင် နေထိုင်ကြသည်။

ရဲခေါင်(ref:AP)






အခြားဆက်စပ်သတင်းများ