နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တွင် ဗလီတစ်ခုအတွင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အရပ်သားများစွာထိခိုက်သေဆုံး

ကဘူးလ်၊  အောက်တိုဘာ ၅


အာဖဂန်မြို့တော်ကဘူးလ်ရှိ ဗလီ တစ်ခု၌ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ် သားများစွာသေဆုံးခဲ့ရကြောင်း တာလီ ဘန်များနှင့် အကူအညီပေးရေးအေဂျင် စီများအဆိုအရ သိရသည်။ ဗုံးပေါက် ကွဲမှုမှာ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် Eidgan ဗလီကိုပစ်မှတ်ထားခဲ့ခြင်းဖြစ် ပြီး ယင်းနေရာတွင် တာလီဘန်ပြောရေး ဆိုခွင့်ရှိသူ ဇာဘူဟူလက်ချ်မူဂျာဟစ်ဒ် ၏ မိခင်အတွက် အောက်မေ့ဖွယ်အခမ်း အနားကျင်းပနေခဲ့ခြင်းဖြစ်သည်။ 


ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မစ္စတာ မူဂျာဟစ်က တွစ်တာတွင်ပထမဆုံးဖော် ပြခဲ့ကာ ဗုံးပေါက်ကွဲမှုကြောင့် “အရပ် သားများစွာသေဆုံးခဲ့ကြောင်း” ရေး သားထားသည်။ အရေးပေါ်ကယ်ဆယ် ရေး NGO တစ်ခုဖြစ်သည့် ကဘူးလ်ရှိ အီတလီ ရန်ပုံငွေထောက်ပံ့မှုဖြင့် လည် ပတ်သည့် ဆေးရုံကမူ ဆိုရှယ်မီဒီယာ တွင် ပေါက်ကွဲမှုကြောင့် လူလေးဦး ဒဏ် ရာရခဲ့ကြောင်း ဖော်ပြသည်။   


ယခုတိုက်ခိုက်မှုအတွက် မည်သည့် အဖွဲ့ကမှ ၎င်းတို့လက်ချက်အဖြစ်ဝန်ခံ ခြင်းမရှိသေးသော်လည်း ထိုသို့တိုက် ခိုက်မှုများ တိုးမြင့်လာခြင်းသည် အစွန်း ရောက်အုပ်စုနှစ်ခုအကြား ပိုမိုကျယ် ပြန့်သော  ပဋိပက္ခဖြစ်နိုင်ခြေကို  မြင့် တက်စေနိုင်မည်ဖြစ်သည်။

ရဲခေါင်(ref:AFP)






အခြားဆက်စပ်သတင်းများ