နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်စစ်သင်္ဘောသုံးစင်းဝယ်ယူရန် ဂရိအစိုးရ သဘောတူလက်မှတ်ရေးထိုး

ပဲရစ်  စက်တင်ဘာ  ၃၀


 ပြင်သစ်နိုင်ငံထုတ်     ဖရီးဂိတ် စစ်သင်္ဘောအသစ်သုံးစင်းဝယ်ယူရန် ဂရိ အစိုးရက သဘောတူလက်မှတ်ရေးထိုး လိုက်ပြီဖြစ်သည်။  ပြင်သစ်အစိုးရသည် သြစတြေးလျအစိုးရနှင့်  ရေငုပ်သင်္ဘော ရောင်းဝယ်ရေးကို     ဆုံးရှုံးပြီးနောက် ဈေးကွက်ပြန်ရရန်     ကြိုးစားနေခြင်း ဖြစ်ပြီး ယခုကဲ့သို့ ဂရိနှင့်ဆောင်ရွက် ခဲ့ခြင်းမှာ ပိုကျယ်ပြန့်သည့်  ဗျူဟာ မြောက်စစ်ဘက်နှင့်      ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်၏အစိတ်အပိုင်းလည်းဖြစ်သည်။ 


ဂရိအစိုးရသည် ယခုနှစ်အတွက် ဒတ်ဇော့ကုမ္ပဏီထုတ် တိုက်လေယာဉ် ၂၄ စီးကိုလည်း မှာယူထားပြီးဖြစ်ခြင်း ကြောင့်     တိုက်လေယာဉ်ဝယ်သည့် ပထမဆုံး  ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ 


ဂရိနှင့်    အရောင်းအဝယ်သည် အမေရိကန်ဒေါ်လာ   ၅   ဒသမ   ၈၆ ဘီလီယံအထိ     တန်ဖိုးရှိနိုင်ကြောင်း ပြင်သစ်မီဒီယာအစီရင်ခံထားပြီး ပြင်သစ် အနေဖြင့်    သြစတြေးလျအစိုးရနှင့် ဘီလီယံချီ အရောင်းအဝယ်ဆုံးရှုံးခဲ့သည့် ကုမ္ပဏီအတွက် စိတ်ဖြေစရာဖြစ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲခေါင် (ref/ Reuters)






အခြားဆက်စပ်သတင်းများ