နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ပြည့် ထိုးနှံပြီးသူ ၅၀၅၃ ဦးရှိ

ရန်ကုန် စက်တင်ဘာ ၂၈


ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေမှုများကိုကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် ရန်ကုန်မြောက် ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ကာကွယ်ဆေးမထိုးနှံ ရသေးသည့် သံဃာတော် အရှင်သူမြတ်များ၊ သီလရှင် များ၊  အသက် ၆၅ နှစ် အထက် အဘိုးအဘွားများ၊ နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဈေးသူ/သားများနှင့် အကျဉ်းကျခံနေရ သူများ ကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ် အတွင်း သြဂုတ် ၁ ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထန်းတပင် မြို့နယ်မှာ လက်ရှိကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ဦးရေ အနေနဲ့ကတော့ သြဂုတ် ၁ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ သံဃာတော် အရှင်သူ မြတ်များနဲ့ သီလရှင်က ၂၄၅ ပါး၊ အသက် ၆၅ နှစ်နှင့်အထက် အဘိုးနှင့်အဘွားက ၂၂၄၄ ဦး၊ နိုင်ငံ့ဝန်ထမ်းက ၃၃၀ ဦး၊ နိုင်ငံ့ ဝန်ထမ်းမိသားစုက ၁၀၃၈ ဦး၊ စေတနာ့ဝန်ထမ်း(Volunteer)က ၁၁၅၉ ဦး၊ ဈေးသူ/သား ၃၃ ဦးနဲ့ အကျဉ်းကျခံနေရသူက ၄ ဦး စုစုပေါင်းဦးရေအနေနဲ့ ၅၀၅၃ ဦးရှိပါတယ်။ လက်ရှိမှာလည်း ကာကွယ် ဆေးထိုးနှံဖို့ကျန်ရှိ နေတဲ့သူတွေနဲ့ ဒုတိယအကြိမ် မြောက် ကာကွယ်ဆေးထိုးဖို့ ကျန်တဲ့ သူတွေကိုလည်း ဆက် လက်ပြီးတော့ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်''ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက ပြောသည်။


ဇင်မင်းထိုက်(ထန်းတပင်)






အခြားဆက်စပ်သတင်းများ