နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ်၌အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများကိုကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန် စက်တင်ဘာ ၂၉


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်း ချုပ်နိုင်ရန်အတွက်၊ကာကွယ် ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက် ပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်း အမျိုး မျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူ များကို ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃) မူလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဆက်လက် ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်း တို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ၊ မြို့နယ် ကျန်းမာ ရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိသည်။ ဗဟန်းမြို့နယ် အတွင်း ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်ရှိပြီး ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး လျက်ရှိရာ၊ စက်တင်ဘာ ၂၈ ရက်အထိ အသက် ၅၅ နှစ် နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံသူပေါင်း ၄၉၇၄ ဦးရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာနေရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာ ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ် ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်း များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသူများ ကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ