နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်မှကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းမပျောက်မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများလုပ်ဆောင်ရန်ထောက်ပံ့ငွေပေးအပ်

ရန်ကုန် စက်တင်ဘာ ၂၉


မှော်ဘီမြို့နယ်၊ မြန်မာ့ ဆန်စပါး သုတေသနခန်းမ၌ နိုင်ငံတော်မှ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရင်း မပျောက် မတည်ငွေဖြင့်မွေးမြူ ရေးလုပ်ငန်းများ လုပ်ဆောင် ရန် ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက် နံနက် ပိုင်း၌ ကျင်းပသည်။


အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်သန်းဦးက မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနဟာ တိုင်းဒေသကြီး အစိုးရရဲ့ သဘောတူညီချက်နဲ့ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ခွင့်ပြုသော အရင်းမပျောက် မတည်ငွေကျပ် သိန်းသုံးရာကို ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီသို့ လွှဲပြောင်းပေးမှာ ဖြစ်ကြောင်း၊  ကျေးရွာရှိ ပြည်သူများမှ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် မွေးမြူလိုသည့် တိရစ္ဆာန် အမျိုးအစား ကြက်၊ ဘဲ ၊ သိုး ၊ ဆိတ် ၊ ဝက် ၊ နွား စသဖြင့် အဆိုပြုလွှာတင်စေပြီး ကျေးရွာ ရန်ပုံငွေ  ကြီးကြပ်မှု ကော်မတီမှ ဝယ်ယူရေးအဖွဲ့ ဖြင့် ဝယ်ယူဖြန့်ဖြူးရမှာဖြစ် ကြောင်း၊ အခြား အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအတွက် မသက်ဆိုင်သကဲ့သို့ အဆိုပြုသူ လက်သို့ ငွေတိုက်ရိုက်ထုတ်ပေး ခြင်း မပြုရပါဘူး။တိရစ္ဆာန် ကိုသာ ဝယ်ယူဖြန့်ဖြူးရမှာ ဖြစ်ပါတယ်။ မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာ မတည်ငွေဟာ အများ ပိုင် ငွေကြေးတစ်ရပ်ဖြစ်ပြီး အရင်းမပျောက် မတည်ငွေဖြစ် သည့်အတွက် အတိုးရငွေကို ကျေးရွာဖွံ့ဖြိုးမှု လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် မြန်မာ့ စီးပွားရေးဘဏ်တွင် အပ်နှံရ ပါမယ်။ မတည်ငွေကိုစာရင်း ရှင်ငွေစာရင်းတွင်အပ်နှံရမည် ဖြစ်ပြီး ကျေးရွာရန်ပုံငွေကြီးကြပ် မှု ကော်မတီကို ဒီမိုကရေစီ နည်းလမ်းကျကျ ရွေးချယ်ခြင်း၊ ကျား/မ တန်းတူညီမျှပါဝင်စေ ခြင်း၊ ကျေးရွာလူထုနှင့် ဌာန ဆိုင်ရာအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စနစ်တကျ ဖွဲ့စည်းရန် လိုအပ်ပါကြောင်း မြစိမ်းရောင် အသားကဏ္ဍ ကျေးရွာစီမံကိန်း၏ မတည်ငွေမှ ရရှိလာသော အတိုးငွေသည်  တစ်ရွာလုံးနှင့် သက်ဆိုင်သော ငွေဖြစ်ပါ၍ အစည်းအဝေး မှတ်တမ်းထား၍ ကျေးရွာကြီး ကြပ်မှုကော်မတီမှ ကိုယ်စား လှယ် နှစ်ဦးအမည်ဖြင့် မြန်မာ့ စီးပွားရေးဘဏ် (သို့မဟုတ်) ပုဂ္ဂလိကဘဏ်တွင် ငွေစုဘဏ် စာအုပ်ဖွင့်၍ စုဆောင်းပြီး ရရှိ လာသော အတိုးငွေများကို ကျေးရွာကြီးကြပ်မှု ကော်မတီ ၏ ဆုံးဖြတ်ချက်နှင့်အညီ မွေးမြူ မှုဖွံ့ဖြိုး တိုးတက်စေသော တိရစ္ဆာန် ဖြန့်ဖြူးခြင်းကိုသာ ဆောင်ရွက်ရမည်။ 


မတည်ငွေများ မူလ စာရင်းတွင် ပြန်လည် အပ်နှံပြီး ပါက မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ထောက်ခံ ချက်ဖြင့် တိရစ္ဆာန် ဖြန့်ဖြူးရေး လုပ်ငန်း ပြန်လည်စတင်နိုင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် မြစိမ်း ရောင် (အသားကဏ္ဍ) ကျေးရွာ စီမံကိန်း၏ မတည်ငွေဟာတိုင်း ဒေသကြီး အစိုးရရဲ့ သဘော တူညီချက်နဲ့ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ခွင့်ပြုသော အရင်းမပျောက်မတည်ငွေဖြစ် ပါတယ်။ နိုင်ငံတော်က ကျေးလက် ဖွံ့ဖြိုးတိုးတက်စေ ဖို့ စိတ်ရင်းစေတနာအပြည့်နဲ့ ထောက်ပံ့ထားတဲ့ငွေလည်း ဖြစ် ပါ တယ်။ အဲ့ဒါကြောင့် စီမံကိန်းပါ စည်းကမ်းချက်တွေနဲ့ အညီ အောင်မြင်အောင် ဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။


ထို့နောက် ဝန်ကြီးက တိုက်ကြီးမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု အုန်းပင်စုကျေး ရွာ မြစိမ်းရောင် ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ သို့ သိန်း ၃၀၀ ကျပ် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ