နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးနှင့်ဆေးပစ္စည်းများ၊စားသောက်ကုန်များနှင့် အသား၊ ငါးများ ရောင်းချ

ရန်ကုန် စက်တင်ဘာ ၂၈


ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလ အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူ နိုင်ရေး၊ အရည်အသွေးနှင့်  ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယ နေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန် ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ၊  လက်ကားဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို စက်တင်ဘာ ၂၇ ရက် တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၂ ခုမှ အိမ်သုံးဆေးဝါး ၁၄၄ မျိုးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထို့အတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ် (၁၀၄/၁၀၈)နေရာ၌လည်း ၃၁ ရက်မြောက်နေ့အဖြစ် စက်တင်ဘာ ၂၇ ရက် တွင် ဆက်လက်ရောင်းချပေးခဲ့သည်။


ထို့ပြင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊  မြန်မာနိုင်ငံဆန် စပါးကုန်သည်ကြီးများအသင်းတို့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီများ၊ စားသောက်ကုန်များနှင့် အသား၊ ငါးများကို ရောင်းချ ပေးခဲ့ကြောင်း သိရသည်။                                                   (KKT)






အခြားဆက်စပ်သတင်းများ