နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ရွှေစျေး တစ်ကျပ်သား သိန်း ၂၀ ကျော်ထိရှိလာ

ရန်ကုန် စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန် ကြေညာချက်အရ   ရန်ကုန်ရွှေဈေးကွက်နှုန်းသည်  အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်  ၂၀  သိန်းကျော်ထိ ကာလ ပေါက်စျေးရှိကြောင်း သိရသည်။ 


စက်တင်ဘာ ၂၈ ရက် ပေါက်စျေးအရ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားလျှင် ကျပ် ၂,၀၅၀,၀၀၀ သိန်းထိ စျေးရှိနေကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၁ ရှိနေပြီး ပြည်တွင်းငွေလွှဲကောင်တာဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၉၅၀ ဖြစ်နေသော်လည်း စျေးကွက်တွင် တစ်ဒေါ်လာကို ၂၃၀၀ နီးပါး ပေါက်စျေးရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် ပေါက်စျေးမှာ ကျပ်  ၂,၀၁၀,၀၀၀  ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်းက ထုတ်ပြန်ထားပြီး သိန်းနှစ်ဆယ်နှင့် တစ်သောင်းအထိ နောက်ဆုံး အပိတ်စျေး ဖြစ်ပေါ်နေကြောင်း သိရသည်။ 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ