နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ဆောင်ရွက်နေမှုများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၂၈

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီသည် ပင်မတာဝန်ဖြစ်သည့် မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်း သာယာသပ်ရပ်ရေး လုပ်ငန်း များကို ဆောင်ရွက်နေချိန်တွင် ယခုကာလအတွင်း ကျရောက် နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်း တာဝန်များကိုလည်း ထမ်းဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ရန်ကင်းမြို့နယ် ကံဘဲ့ စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချ နေမှု၊ တောင်ဥက္ကလာပမြို့နယ်၊ မာဃလမ်းရှိ ကျိုက္ကဆံချောင်း ကူးတံတား (မာဃ)ပြန်လည် တည်ဆောက်နေမှု၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရေနံ့သာလမ်းရှိ အောက်ဆီဂျင် စက်ရုံတွင် အောက်ဆီဂျင်အိုးများ ဖြည့်တင်း နေမှုတို့ကို သွားရောက်ကြည့်ရှု စစ် ဆေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့ စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျား ဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက် မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး/ပုစွန် အမျိုးမျိုးတို့ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ဈေးသို့သွားရောက်ရန် မလိုဘဲ နေအိမ်အနီး အလွယ် တကူ ဝယ်ယူနိုင်ရန် ရောင်းချ ပေးနေမှုကို သွားရောက် ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေး ချက်များကို လိုက်နာ၍ ဈေး ရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)မှ တာဝန်ယူ ဆောင်ရွက်နေ သော တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မာဃလမ်းရှိ ကျိုက္ကဆံ ချောင်းကူးတံတား (မာဃ) ပြန်လည် တည်ဆောက် နေသည့် လုပ်ငန်းခွင်သို့ ရောက် ရှိ စစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအခြေ အနေများ ရှင်းလင်း တင်ပြ ကြသည့်အပေါ် မြို့တော်ဝန်က သတ်မှတ်ချိန်အတွင်း စံချိန် စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီး အောင် ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်း စေရေးတို့ကိုမှာကြားပြီး လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


အဆိုပါ ကျိုက္ကဆံချောင်း ကူးတံတား(မာဃ)သည် နှစ် ၆၀ ကျော်လွန်ပြီဖြစ်သည့်အတွက် ကြောင့် အန္တရာယ်ရှိသည့် တံတားအဖြစ် သတ်မှတ်၍ ဖြိုချဖျက်ဆီးပြီး အရှည် ၄၀ ပေ အကျယ် ၃၀ ပေ သံမဏိ သံပေါင် သံကူကွန်ကရစ်တံတားအသစ် အဖြစ် အောက်တိုဘာလကုန် ပိုင်းတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရ သည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်  အဖွဲ့သည် သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏ ၂၄ ရပ်ကွက်၊ ရေနံ့သာလမ်းရှိ မြို့ပြပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာနမှ တာဝန်ယူဆောင်ရွက် သော အောက်ဆီဂျင်စက်ရုံသို့ သွားရောက်၍ အောက်ဆီဂျင် အိုးများ ဖြည့်တင်းနေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ယခု ကိုဗစ်တတိယလှိုင်း စတင် ဝင်ရောက်လာချိန်တွင် ရန်ကုန်မြို့နေ ပြည်သူများ အောက်ဆီဂျင် ပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသဖြင့် ပြည်သူများ အောက်ဆီဂျင် အလွယ်တကူ ရရှိနိုင်စေရန် Jazz 74 Group of Companies နှင့် စာနာစိတ်ထား ပေးဆပ်သူများ လူမှုကူညီထောက်ပံ့ ရေးအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် ရေနံ့သာ မော်တော်ယာဉ်ဝင်းအတွင်း တပ် ဆင်၍ ပြည်သူများကို အခမဲ့ ဖြည့်တင်းပေးခဲ့ရာ စက်ရုံ စတင် ဖွင့်လှစ်သည့် ဩဂုတ်လ ၂၀ ရက်မှ ယနေ့အထိ အောက်ဆီဂျင် ၄၆၉၃၀ လီတာ ကို ပြည်သူများသို့ အခမဲ့ ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း သိရ သည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ- ကျော်သူထက်






အခြားဆက်စပ်သတင်းများ