နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာစာတမ်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ရန်ကုန် စက်တင်ဘာ ၂၈


မြန်မာနိုင်ငံ၏ စိုက်ပျိုးမှု ပတ်ဝန်းကျင်ဇုန်များအရ သီးနှံ အမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်း ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်၊ နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။(ပုံ)


အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအတွက် ရေ၊ မြေ သယံဇာတ ပေါများသည့် နိုင်ငံ ဖြစ်သည့်အတွက် ကာလဒေသ နှင့် ကိုက်ညီသည့်စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေ ကြသည့် တောင်သူများ အနေ ဖြင့် စိုက်ဧကများကိုတိုးချဲ့ပြီး တစ်ဧကအထွက်နှုန်းတိုးအောင် စိုက်ပျိုးကြရန်နှင့် ဇုန်အလိုက် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် သီးနှံ များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး တက်ရောက်လာသည့်ဌာနဆိုင် ရာများ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့် စိုက်ပျိုးရေးနှင့် ဆက်စပ်သည့် အသင်းအဖွဲ့များကကျယ်ကျယ် ပြန့်ပြန့် အကြံပြု ဆွေးနွေးပေး ကြရန် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသ ကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက ရန်ကုန် တိုင်းဒေသကြီးသည် စီးပွား ရေး မြို့တော်ဖြစ်သည့်နှင့်အညီ စိုက်ပျိုးရေးဖြင့် စီးပွားရေး လုပ်ဆောင်နေကြသော လုပ်ငန်း ရှင်များ၏ အခက်အခဲများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်ချက်များကို ညှိနိုင်း ပေါင်းစပ် ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ပြောကြား သည်။


ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနညွှန်ကြား ရေးမှူး ဦးမြင့်ဆွေကမြန်မာ နိုင်ငံ၏ စိုက်ပျိုးမှု ပတ်ဝန်းကျင် ဇုန်များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တာဝန်ရှိသူများ က ဝိုင်းဝန်း အကြံပြု ဆွေးနွေး တင်ပြသည်။


ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုး ရေးကဏ္ဍတွင် စပါးအပြင် တောင်သူများ ဝင်ငွေတိုးအောင် ဟင်းသီးဟင်းရွက်နှင့် သီးနှံ အမယ်စုံ စိုက်ပျိုးနိုင်ရေး၊ သဘာဝ မြေသြဇာများ ပိုမို ထုတ်လုပ်သုံးစွဲနိုင်ရေး၊ မိုးရာသီ ကာလ ဆည်မြောင်းများမှရရှိ သော ရေဖြင့် နွေစပါးကို ဧက များများ စိုက်ပျိုးနိုင်ရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုတိုးတက်အောင် ဝိုင်းဝန်း လုပ်ဆောင်ပေးပြီး လိုအပ်ချက်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ