နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

 လင်းခေး စက်တင်ဘာ ၂၈


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်း ခေးခရိုင် လင်းခေးမြို့နယ်ရှိနားကုန်း ကျေးရွာ၌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးနှင့် ကျေးရွာအဆင့် ခေါင်းဆောင် မှု အသိပညာပေး သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းက ကျင်းပသည်။ 


သင်တန်းဖွင့်ပွဲတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပန်းဖူး ခိုင်က အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း စဉ်ပါ GAP နှင့် GAHP၊ ကျေးရွာ အဆင့်ခေါင်းဆောင်မှု စသည့် သင် ခန်းစာများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြသည်။


အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်း ဆောင်မှု အသိပညာပေး သင်တန်း သို့ နားကုန်းကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာငါးရွာမှ တာဝန်ရှိသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ ကြပြီး အဆိုပါ သင်တန်းကို သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုး တိုးတက် သော ကျေးရွာများပေါ်ထွက်လာစေ ရန်၊ ကျေးရွာလူနေမှုဘဝ အဆင့်မြင့် မားလာစေရန်စသည့် ရည်ရွယ်ချက် ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။                    မင်းမြင့်မိုရ်(ကျေးလက်)






အခြားဆက်စပ်သတင်းများ