နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပခုက္ကူ စက်တင်ဘာ ၂၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၂၇ ရက် နံနက် ၉နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနတွင် စုရပ်(၃)ရပ်ခွဲ၍ ဆက်လက်ထိုးနှံပေးသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်း ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေခြင်းတို့ကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း ဆောင် ရွက်ကြသည်။


ပခုက္ကူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု (ဒုတိယအသုတ်) အဖြစ် စက်တင်ဘာ၁၆ ရက်မှ ၂၆ ရက် အထိ ဆက်လက်ထိုးနှံပေးရာ အသက်(၅၅)နှစ်အထက်ပြည်သူနှင့် ဦးစားပေးအုပ်စုအဆင့်လိုက်ပြည်သူပေါင်း ၁၁၉၆၀ ဦးကို ပထမ အကြိမ် ထိုးနှံပြီးစီးကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မ တီထံမှ သိရသည်။ 


ပခုက္ကူမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၏စာရင်းအရ ဇွန် ၂၃ ရက်မှ စက်တင်ဘာ၂၆ ရက် အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ၁၃၆၅ ဦး သေဆုံးသူ ၁၂၈ ဦး ရှိပြီ  ဖြစ်ကြောင်း သိရသည်။                                                         

ဆလိုင်းကိုကီး






အခြားဆက်စပ်သတင်းများ