နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၂ နှစ်အရွယ်အမျိုးသမီးငယ်ကို ခိုးပြေးရာမှ လွတ်မြောက်လာ

ရန်ကုန်    မေ    ၂၈


ဒလမြို့၊ ကမာကဆစ်ရပ်ကွက် မဉ္ဇူစိမ်းလမ်း၊ နေအိမ်ဘေးချင်းကပ်နေထိုင်သူ အိမ်ထောင်သည်အမျိုး သားတစ်ဦးက အသက်(၁၂)နှစ်ကျော်အရွယ်ရှိ အမျိုးသမီးငယ်ကို သားမယားအဖြစ်ပေါင်းသင်းရန်ခိုးပြေး မည်ဟုဆိုကာ လက်ကိုဆွဲလျက်အတင်းအဓမ္မခေါ်ဆောင်ခဲ့သဖြင့် အမျိုးသမီးငယ်၏မိခင်မှ အမှုဖွင့်တိုင်တန်းခြင်းအတွက် အရေးယူဆောင်ရွက်ထားရှိကြောင်း မေ ၂၇ ရက်က ဒလမြို့မရဲတပ်ဖွဲ့စခန်းမှသိရသည်။


ဖြစ်စဉ်မှာ မေ ၂၆ ရက်၊ ည ၁၀ နာရီခန့်က၊ ကမာကဆစ်ရပ်ကွက် မဉ္ဇူစိမ်းလမ်းနေ မိခင်ဖြစ်သူ ဒေါ်------- မှ သမီးဖြစ်သူမ -------- ကို ရပ်ကွက်အတွင်း အကြွေးသွားပေးခိုင်းရာမှ နေအိမ်သို့ပြန်လည်ရောက်ရှိ လာခြင်းမရှိသဖြင့် လိုက်လံရှာဖွေနေခဲ့ရာမှ ည ၁၁ နာရီခွဲခန့်တွင် သမီးဖြစ်သူမ ------ မှာ နေအိမ်သို့ပြန်လည်ရောက်ရှိလာ၍ မေးမြန်းကြည့်ရာ ရပ်ကွက်အတွင်းအကြွေးပေးပြီးနေအိမ်သို့အပြန် လမ်းထိပ်အရောက်၌ နေအိမ်ဘေးချင်းကပ်နေထိုင်သူ တင်မျိုးဝင်း(၂၇)နှစ်(ဘ)ဦးသံချောင်းနှင့်တွေ့ရှိရာမှ ယင်းက မ------ ကို သားမယားအဖြစ်ပေါင်းသင်းလိုကြောင်းနှင့် ခိုးပြေးမည်ဟုပြောဆိုကာ လက်ကိုဆွဲ၍ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း၊ မှော်စက်ရပ်ကွက်ဘုရားလေးစိမ်းလမ်းအရောက် မ----- က အတင်း ရုန်းကန်ပြီး နေအိမ်သို့ပြန်ပြေးလာခဲ့ရကြောင်း တင်မျိုးဝင်းသည် မေ ၁၆ ရက်၊ ည ၁၁ နာရီခန့်ကလည်း ယင်း၏ခယ်မတော်သူနှင့်အတူ အဖော်အဖြစ်စောင့်အိပ်ပေးရန် အကူအညီတောင်းသဖြင့် ခယ်မဖြစ်သူနှင့် အတူ တင်မျိုးဝင်းနေအိမ်၌ ညစောင့်အိပ်ပေးစဉ် သမီးဖြစ်သူမ------ ကို သားမယားပြုကျင့်ရန်ဘောင်းဘီ ကို အတင်းဆွဲချွတ်ခဲ့သဖြင့် အတင်းရုန်းကန်ပြီး အော်မည်ပြုရာ တင်မျိုးဝင်းကအခြားသူများသိအောင် ပြောပြပါက သတ်မည်ဟုကြိမ်းမောင်းပြောဆိုခဲ့ဖူးကြောင်း မိခင်ဖြစ်သူကိုပြောပြသိရသဖြင့် မိခင်ဒေါ်------- က တင်မျိုးဝင်းဆိုသူကို အရေးယူပေးပါရန် တိုင်တန်းမှုအပေါ် ဒလမြို့မရဲတပ်ဖွဲ့စခန်းမှ (ပ)၁၀၈၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁/၃၆၃/၅၀၆ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။                                                                                                                      


အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ