နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ဖုန်းလုယက်မှုကျူးလွန်သူ(၁)ဦးကို ဖမ်းဆီးရမိ

ရန်ကုန် မေ ၂၇

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ ညနေ ၃ နာရီခွဲ အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် ဖုန်းလုယက်မှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ နိုင်လင်းဦးကို (၁၈)ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ (၈၆)ဂိတ်ဟောင်းကားမှတ်တိုင်အနီး၌ Feiling Wave 125 အမျိုးအစား ဆိုင်ကယ် တစ်စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ ယင်းသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလတို့တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့်လှည့်လည်သွားလာ၍ လမ်းတွင်တွေ့ရှိသူများထံမှ လက်ကိုင် ဖုန်းအမျိုးမျိုး(၁၀)လုံးကို လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်း လက်ကိုင်ဖုန်းများ အား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ယင်းကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ