နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၂၇

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု ၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ မေ ၂၆ ရက်၊ နံနက် ၁ နာရီခွဲအချိန်တွင် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချစ်ကိုနိုင်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ည ၁၂ နာရီအချိန်တွင် ချစ်တီးကုန်းရပ်ကွက်၊ (၆)လမ်းဘေး၌ သူရအောင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နံနက် ၂ နာရီခွဲအချိန်တွင် (၁)ရပ်ကွက်၊ ပြည်ကျော်အေး လမ်းမပေါ်၌ အောင်မျိုးထံမှ အရိုးအသွား(၂၈) လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကို လည်းကောင်း၊ လသာမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၆ ရက်၊  နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် (၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း(၂၀) ထောင့်၌ လှိုင်မြင့်သန်းထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် (၁၉)ရပ်ကွက်၊ ဇေယျာမြိုင် လမ်းမပေါ်၌ ဝေယံအောင်ထံမှ အရိုးအသွား(၃)ပေ(၉)လက်မခွဲခန့်ရှိ လှံချွန်တစ်ချောင်းနှင့် ၀၄၃၀ အချိန်တွင် (၁၀၇)ရပ်ကွက်၊ ဥက္ကာလမ်းမပေါ်၌ သိန်းသန်းစိုးထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၆ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် (၂) ရပ်ကွက်၊ စည်ပင်လမ်းမပေါ်၌ ခန့်မင်း(ခ)စူပါ ထံမှ အရိုးအသွား(၇)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်တွင် အောင်သစ္စာလမ်းထိပ်၌ သူရအောင်ထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁ နာရီအချိန်တွင် (ဌ)ရပ်ကွက်၊ စကားဝါ(၄)လမ်းမပေါ်၌ အောင်စိုးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ညောင်ရမ်း လမ်းပေါ်၌ ဝင်းအောင်(ခ)အာနိုး ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၆ ရက်၊  ညနေ ၆ နာရီ ၁၀ မိနစ်အချိန်တွင် သောင်းအေး ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ည ၇ နာရီခွဲအချိန်တွင် (၆၇)ရပ်ကွက်၊ ချင်းတွင်း(၅)လမ်း၌ ဓားကိုင် သောင်းကျန်းနေသော ကျော်နိုင်ဝင်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် အမှတ်(၄)လမ်းမပေါ်၌ အောင်ပိုင်စိုး ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၆ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် ချမ်းမင်းဦး ထံမှ အရိုးအသွား(၂၂)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း၊ ညနေ ၄ နာရီ ၅၀ မိနစ် အချိန်တွင် ကျော်ဇင်ဝေထံမှ အရိုးအသွား(၂၀)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်း၊ ညနေ ၅ နာရီ ၂၅ မိနစ် အချိန်တွင် ထွန်းနိုင်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ကျော်မင်းထံမှ အရိုးအသွား(၃၅)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ