ရန်ကုန် စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာများ ကို စက်တင်ဘာ ၂၁ ရက်၊ နံနက် ၈ နာရီအချိန်ခန့်က စတင်ကာထုတ်ပေး လျက်ရှိသည်။
အဆိုပါ ပင်စင်လစာငွေများထုတ် ယူရာတွင် အဆင်ပြေစေရေးအတွက် စက်တင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ ပင်စင်စားများကို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ကျန်းမာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေး လျက်ရှိသည်။
ထို့ပြင် ဘဏ်လာရောက်သူများကို ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်လာခြင်း၊ အသက် ကြီးသူများတို့ကို ဦးစားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် ကြိုတင် မေတ္တာရပ်ခံ ပန်ကြားထားကြောင်း၊ သတ်မှတ်ရက်များ၌ လာရောက် မထုတ်ယူနိုင်သော ပင်စင်စားများကို အောက်တိုဘာလဆန်းပိုင်းတွင် ဘဏ် လုပ်ငန်းချိန်အတွင်း လာရောက်ထုတ်ယူ နိုင်ပြီး မုဒုံမြို့နဘ်၊ မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူ သူ ၂,၇၈၀ ဦးရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)