နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငှားယာဉ် (TAXI)၊ စီးတီးတက္ကစီယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်း ရုံးသစ်ဖွင့်လှစ်

ရန်ကုန်  စက်တင်ဘာ  ၂၃


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) စီမံမှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး အငှားယာဉ် (TAXI)၊ စီးတီးတက္ကစီယာဉ်များကို မှတ်ပုံတင်ခြင်းလုပ်ငန်း ရုံးသစ်ဖွင့်လှစ် ခြင်းကို အဆိုပါရုံးတည်ရှိရာ အမှတ် ၂၆၊ ပင်လုံလမ်းမ၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်၊ နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး အငှားယာဉ် (TAXI)၊ စီးတီးတက္ကစီယာဉ်များကို မှတ်ပုံတင်ခြင်းလုပ်ငန်း ရုံးသစ်ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝင်းတင့်၊ YRTC ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကို၊ အတွင်းရေးမှူး ဦးအောင်ဝင်း၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ရုံးဝန်ထမ်းများ တက် ရောက်ကြသည်။


အဆိုပါဖွင့်ပွဲအစီအစဉ်အရ တာမွေ မြို့နယ်၊ လေးထောင့်ကန်လမ်း၊ မိုးကုတ် ဝိပဿနာအေးရိပ်သာ ကျောင်းတိုက် ပဓာနဆရာတော် ရွှေမန်းဦးသူရိယ အမှူးပြုသော ဆရာတော်ကြီးအပါအဝင် သံဃာတော် ၅ ပါးကို ပင့်ဖိတ်၍ ဆွမ်း ဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်း၊ (ပုံ) ရုံးအဆောက်အဦ အန္တရာယ်ကင်းရန် အတွက် ပရိတ်ရွတ်ဖတ်ခြင်း၊ ပရိတ် ရည်များ ပက်ဖျန်းခြင်းများကို ဆရာတော်ကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ YRTC ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝင်းတင့် အမှူးပြုသော YRTC တာဝန်ရှိ သူများက ဆောင်ရွက်ကြသည်။


ဆက်လက်၍ ဝန်ကြီးက ပင်မရုံး အဆောက်အအုံနှင့် ရုံးဝန်းအတွင်း လှည့်လည်ကြည့်ရှုပြီး အငှားယာဉ် စီးတီးတက္ကစီယာဉ်များ မှတ်ပုံတင်ခြင်း လုပ်ငန်းဝန်ဆောင်မှု စနစ်တကျ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် သွားရန်နှင့် လုံခြုံရေးကိုစီမံဆောင်ရွက် ထားရှိရန် လိုအပ်ကြောင်း မှာကြား ခဲ့သည်။


ယခုဖွင့်လှစ်သည့် ရန်ကုန်တိုင်း ဒေသကြီး အငှားယာဉ် (TAXI)၊ စီးတီး တက္ကစီယာဉ်များ       မှတ်ပုံတင်ခြင်း လုပ်ငန်းရုံးအဆောက်အအုံသည် အမှတ် ၂၆၊ ပင်လုံလမ်းမ၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်တွင် တည်ရှိပြီး ယခင်က YRTC ပိုင် ရုံးအဆောက်အအုံကို အသစ်ပြန်လည်ပြင်ဆင်ခဲ့ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ရှေ့မျက်နှာစာ ၁၅၅ ပေ၊ အနောက် အကျယ်အရှည် ၃၁၀ ပေ၊ ဧရိယာဧက ၀ ဒသမ ၉၈ ရှိပြီး ပင်မရုံး အဆောက်အဦး (၆၀ x ၄၀) ပေရှိပြီး ယာဉ်ဝန်းအတွင်း TAXI ယာဉ် အစီး ၂၀၀ ခန့် ရပ်နားနိုင်မည်ဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ် (TAXI)၊ စီးတီး တက္ကစီယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်း COVID-19 ကပ်ရောဂါ အခြေအနေအရပ်ရပ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၆ ရက်မှစတင်၍ ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို COVID-19 စည်းကမ်းချက်နှင့်အညီ အမှတ် ၂၇၉၊ သံသုမာလမ်း၊ ၁၅ ရပ်ကွက်၊ တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာမှ  COVID-19 တတိယ လှိုင်း စတင်ဖြစ်ပွားလာမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်မှ စတင်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန မော်တော်ယာဉ်လုပ်ငန်းလိုင်စင် လုပ်ငန်းများ ရပ်နားခဲ့ပြီး ယင်းနှင့်ဆက်စပ်လျက်ရှိသည့် YRTC စီမံမှုအောက်ရှိ City Taxi မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းများလည်း ရပ်နားထားခဲ့ရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း City Taxi အငှားယာဉ် စီးရေ ၆၅,၀၀၀ စီးရေခန့်ရှိပြီး မှတ်ပုံတင်ခြင်းနှင့် သက်တမ်း တိုးခြင်းလုပ်ငန်းကို အဆိုပါရုံးသစ်ကြီးတွင် ၁၅-၉-၂၀၂၁ ရက်မှ စတင်ပြီး COVID-19 ကျန်းမာရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ရုံးဖွင့်ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်သည့်အပြင် ယခင်ကထက် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်သည်။


YRTC စီမံမှုအောက်ရှိ City Taxi မှတ်ပုံတင်ခြင်း လုပ်ငန်းကို ရည်ရွယ်ချက် သုံးချက်နှင့်အညီ City Taxi အငှားယာဉ်များ မြို့တော် အင်္ဂါရပ်နှင့်ညီညွတ်ပြီး သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရန်၊ City Taxi အငှားယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ အငှားယာဉ်များကို ငှားရမ်းစီးနင်းအသုံးပြုရာတွင် အဆင်ပြေချောမွေ့စေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။


လက်ရှိ City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်း ကုန်ကျစရိတ်များမှာ ယခင်ကျသင့်ငွေ ယာဉ်သစ်မှတ်ပုံတင်ကြေး/သက်တမ်းတိုးမှတ်ပုံ တင်ကြေး ၃,၀၀၀ ကျပ်၊ ယာဉ်မောင်းကတ်ပြားနှစ်ကတ် ၃,၀၀၀ ကျပ်၊ ကတ်ထည့် Stand တစ်ခု ၂,၅၀၀ ကျပ်၊ CNG No. ဘေး ဘယ်/ ညာတစ်စုံ ၃,၅၀၀ ကျပ်၊ Photo ရိုက်ခ (3D) ၅၀၀ ကျပ် စုစုပေါင်း စရိတ် ကျပ် ၁၂,၀၀၀ မှ ယခုကျသင့်ငွေ ယာဉ်သစ်မှတ်ပုံတင်ကြေး/ သက်တမ်းတိုးမှတ်ပုံတင်ကြေး ၃,၀၀၀ ကျပ်၊ ယာဉ်မောင်းကတ်ပြား တစ်ကတ် ၅၀၀ ကျပ်၊ ကတ်ထည့် Stand တစ်ခု ၂,၅၀၀ ကျပ်၊ CNG No. ဘေး ဘယ်/ညာတစ်စုံ ၁,၂၀၀ ကျပ် နောက်ကျဒဏ်ကြေးငွေ လုံးဝကောက်ခံခြင်းမပြုဘဲ စုစုပေါင်းကုန်ကျစရိတ် ၇,၂၀၀ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထားရှိသည်။


YRTC အနေဖြင့် City Taxi မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ငန်းကို ဆောင်ရွက်ရသည့် ရည်ရွယ်ချက်၊ City Taxi ယာဉ် မောင်းများ လိုက်နာရန် စည်းကမ်းချက်များ၊ City Taxi ယာဉ်သစ် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းပြုလုပ်ရာတွင် ပါရှိရမည့်လိုအပ် သော စာရွက်စာတမ်းများ ပြည့်စုံစေရန် ကြိုတင်၍ သတင်းစာ၊ ဂျာနယ်များတွင် အများခရီးသွားပြည်သူများ၊ Taxi ယာဉ်လုပ်ငန်းကို လုပ်ကိုင်သော ယာဉ်ပိုင်ရှင်များ၊ Taxi ယာဉ်မောင်းများ သိရှိစေရန် ကြော်ငြာပေးခြင်း၊ ပညာပေး အိပ်ဆောင်စာအုပ်ငယ်များ ထုတ်ဝေ ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။                 (YRTC)






အခြားဆက်စပ်သတင်းများ