နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်စိအထူးကုဆေးရုံကြီးသို့ မျက်စိဝေဒနာရှင်များ ပြသရာတွင် လိုက်နာဆောင်ရွက်ရမည်များ ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၃


ရန်ကုန် မျက်စိရောဂါအထူးကုဆေးရုံကြီးသို့  လာရောက် ပြသမည့်  မျက်စိဝေဒနာရှင်များအနေဖြင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်း မရှိစေရန်အတွက် မျက်စိအထူးကုဆေးရုံကြီးသို့ ကြိုတင်ဆက်သွယ် ဆောင်ရွက်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း သိရသည်။


 လာရောက်ပြသလိုသည့်  မျက်စိဝေဒနာရှင်များအနေဖြင့် ကြိုတင်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်  ယခုဖော်ပြပါ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၈၈၈၆၂၉၉၄၅၊ ၀၉-၈၈၈၆၂၉၉၅၄ တို့သို့ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းခြင်းများ ဆောင်ရွက်ထားရမည်ဖြစ်သည်။ 


အဆိုပါ မျက်စိဆေးရုံသို့ ဝေဒနာရှင်များ လာရောက်ပြသရာ တွင်လည်း  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပြန့်ပွားမှုဟန့်တား နိုင်ရန်အတွက် မျက်စိဝေဒနာရှင်နှင့်အတူ အဖော်တစ်ဦးသာ လိုက်ပါလာရမည်ဖြစ်ပြီး နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ခြင်း၊  မျက်စိရောဂါနှင့်ပတ်သက်ပြီး  ကုသသည့် ဆေးမှတ်တမ်းဟောင်းများနှင့် ဆေးဝါးများပါ ယူဆောင်လာရမည် ဖြစ်ပြီး မျက်စိဆေးရုံအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း မျက်စိအထူးကု ဆေးရုံကြီးမှ ထုတ်ပြန်ကြေညာထားသည်။ 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ