နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ (မိုးကုတ်ရိပ်သာ)တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်းများ ဆောင်ရွက်

ရန်ကုန်၊ စက်တင်ဘာ ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉‌ ရောဂါ ကုသ‌ရေးစင်တာ (မိုးကုတ်ရိပ်သာ) ၌ စက်တင်ဘာ၂၂ ရက်၊ နံနက် ၇ နာရီက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး  ဦးဝင်းနိုင်၊ ဦးဆောင်သော မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက   စု‌ပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ယင်းသို့ဆောင်ရွက်ရာတွင် ဆေးဖျန်း ခြင်း၊ စင်တာနှင့် ဝန်းကျင်တွင်  စွန့်ပစ် အမှိုက်များ သန့်ရှင်းခြင်း၊ စင်တာအတွင်း တက်ရောက် ဆေးကုသမှုခံယူသူများ သုံးစွဲ ခဲ့သော   အသုံးအဆောင်ပစ္စည်းများကို စနစ်တကျ  သိမ်းဆည်းခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။  


သုံးခွမြို့၌ ကိုဗစ်-၁၉‌ ရောဂါ တတိယ လှိုင်းတွင် ဆေးရုံ(သီးသန့်ဆောင်) စင်တာ နှင့် မိုးကုတ်ရိပ်သာစင်တာ နှစ်ခု ထားရှိခဲ့ သည်။ ယခုလက်ရှိ ဆေးရုံစင်တာတွင် ကိုဗစ်-၁၉‌ ရောဂါ  လူနာ  နှစ်ဦးရှိပြီး မိုးကုတ်ရိပ်သာစင်တာတွင် လူနာမရှိတော့ ကြောင်း သိရသည်။ 


မြို့နယ် ကြက်ခြေနီတပ်ဖွဲမှ စေတနာ့ လုပ်အားရှင်များသည် ကူးစက်နှုန်းမြန် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စင်တာတွင်  တက်ရောက်ဆေးကုသူများ အဆင်ပြေနိုင်ရေးအတွက်   နေ့ရောညပါ စေတနာ့ဝန်ထမ်းလုပ်ငန်း တာဝန်ဆောင်ရွက် ခြင်း၊ ဆေးကုသမှုပြီးဆုံး၍ နေရပ်ပြန်မည့် မိဘပြည်သူများကို ပြန်လည်ပို့ဆောင် ပေးခြင်း၊  အရေးပေါ်အောက်စီဂျင်ကျ လူနာများကို ဆေးရုံနှင့် စင်တာများသို့  ရွှေ့ပြောင်း သယ်ဆောင်‌ပေးခြင်း၊ လူနာ များကို နေအိမ်များသို့ လူနာတင်ယာဉ်ဖြင့် သွားရောက် ခေါ်ဆောင်ပေးခြင်း၊ စင်တာ အတွင်း   အသုံးအဆောင်ပစ္စည်းများကို နေ့စဉ်ဆေးဖျန်းခြင်း၊   အလှူရှင်များ လှူဒါန်းပေးသော ပစ္စည်းများကို စနစ်တကျ ပြန်လည် လှူဒါန်းပေးခြင်း၊ လူနာများထံ အစားအသောက်များ၊ ပစ္စည်းများ ကူညီ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။                   ကျော်ဆန်း






အခြားဆက်စပ်သတင်းများ