နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ပညာရေးဝန်ကြီးဌာနမှ နစ်နာလယ်သမားကို လျော်ကြေးငွေပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၂၃


ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီက မူလပိုင်ရှင်အား နစ်နာကြေး/လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။  


အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းပညာရေး မှူးရုံး ဦးစီးအရာရှိ ဦးအေးမင်းက လျော်ကြေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အ.ထ.က(၂)  မြေနေရာအတွက် မူလလယ်သမားတောင်သူ  ဦးခင်၀င်းကို မြေဧရိယာ ၁ ဒသမ ၅၀ ဧကအတွက် လျော်ကြေးငွေသိန်း ၁၅၀ ပေးအပ် ခဲ့ကြောင်း၊ တောင်သူ ဦးခင်၀င်းက လျော်ကြေးငွေရရှိမှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။


  အဆိုပါအခမ်းအနားသို့   ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့၀င်(၁) ဗှိုလ်မှူးနေ၀င်းအောင်၊ တိုင်းပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအေးမင်းနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

လဲ့လဲ့(IPRD)






အခြားဆက်စပ်သတင်းများ