နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

မိမိတို့နိုင်ငံသည် စီးပွားရေးပိတ်ဆို့မှုဒဏ်ကို နှစ်ပေါင်း (၂၀) ခန့် ခံခဲ့ရသောကြောင့် ဆင်းရဲနွမ်းပါးသောနိုင်ငံဖြစ်ခဲ့ရာ နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ကျေးလက်နေပြည်သူအများစုသည် ဆင်းရဲနွမ်းပါးမှုနှုန်းအများဆုံး ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး လုပ်ငန်းစီမံချက်များရေးဆွဲ၍ တစ်စိုက်မတ်မတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးသည် ကျယ်ပြန့်ပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံပါဝင်သည့် လုပ်ငန်းများဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ တစ်ခုနှင့် တစ်ခု အချိတ်အဆက်မိမိ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။


ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက်လည်ပတ်ရန်ပုံငွေများကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ထုတ်ချေးပေးလျက်ရှိသည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ဘဏ္ဍာရေးအရင်းအမြစ်လိုအပ်မှု ကြီးမားသကဲ့သို့ စဉ်ဆက်မပြတ် ပုံမှန်ရရှိသွားရန်လည်း လိုအပ်ပေရာ တစ်ကြိမ်တစ်ခါတည်း နိုင်ငံတော်မှ ပံ့ပိုးပေးရုံမျှဖြင့် ဆောင်ရွက်ပြီးစီးမည့်လုပ်ငန်းမျိုး မဟုတ်ပေ။ 


ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို နိုင်ငံအတွင်း နည်းလမ်းအသွယ်သွယ် ဆောင်ရွက်နိုင်ပေရာ အစိုးရ ငွေရေး၊ ကြေးရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကောင်းမွန်သည့် မူဝါဒများချမှတ်ပြီး စီးပွားရေးတည်ငြိမ်မှုကို ဖြစ်ထွန်းစေပြီး ကျေးလက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပေသည်။


ပြည်သူဗဟိုပြု ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းကို နိုင်ငံတော် အစိုးရ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက်ကူအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှ အောင်မြင်မှုရရှိမည်ဖြစ်သည်။


ပြည်သူဗဟိုပြု ကျေးလက်စီမံချက်နှင့် ဒေသန္တရဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရပ်ကွက် ကျေးရွာအခြေစိုက် အရက်ဘက်လူ့အဖွဲ့အစည်းများ စွမ်းဆောင် ရည်မြင့်မားလာရေး နိုင်ငံသားကျင့်ဝတ်တာဝန်များနှင့် တန်ဖိုးများ အလေးပြုမှုဆောင်ရွက်မှု တိုးပွားကာ ပွင့်လင်းလူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရေး အကျိုးသက်ရောက်မှုရှိလာမည် ဖြစ်ပေ သည်။ 

ကျေးလက်ဒေသနေပြည်သူများ၏ စီးပွားရေးဘဝတိုးတက် လာစေရန်နှင့် မြို့ပြကျေးလက်ကွာဟချက် ကျဉ်းမြောင်းလာစေ ရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများက တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည် ဟု ဆိုချင်ပါကြောင်း။        ။






အခြားဆက်စပ်သတင်းများ