နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်နာရီ မီးတောင်ပေါက်ကွဲမှု နေအိမ်များပျက်စီး လူထောင်ချီထွက်ပြေးနေရ

လာစ်ပါမား၊  စက်တင်ဘာ ၂၃


စပိန်နိုင်ငံကန်နာရီကျွန်းမှ မီးတောင် တစ်ခုမှာ နှစ်ပေါင်း ၅၀ အတွင်း ပထမ ဆုံးအကြိမ် ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၅၀ဝ ကျော်ထွက်ပြေးနေရပြီး နေအိမ် ပေါင်း ၁၀ဝ ကျော်ပျက်စီးခဲ့သော်လည်း ချော်ရည်များမှာမူ ခန့်မှန်းထားခြင်းထက် ပို၍နှေးကွေးစီးဆင်းလျက်ရှိနေကြောင်း သိရသည်။ 

 

ချော်ရည်များမှာ  ကြိုတင်ခန့်မှန်း ထားသည့်အတိုင်း  အတ္တလန်တိတ် သမုဒ္ဒရာသို့ ရောက်လာခြင်းမရှိကြောင်း၊ အကယ်၍ ချော်ရည်များ သမုဒ္ဒရာတွင်း သို့ကျဆင်းပါက ပေါက်ကွဲမှုများဖြစ်ပြီး အဆိပ်ရှိသော ဓါတ်ငွေ့များ ထွက်လာ နိုင်သည်ဟု ကျွမ်းကျင်သူများက ပြော သည်။

ထို့ပြင် ချော်ရည်စီးကြောင်းသစ်တစ်ခုမှာလည်း ပြီးခဲ့သည့်ရက်က ပေါ်ပေါက် လာခြင်းကြောင့် အယ်လ်ပဆိုမြို့တွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးရကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေဌာနက တွစ်တာ တွင် ရေးသားသတိပေးခဲ့သည်။  


ထိုမီးတောင်သည် စတင်ပေါက်ကွဲပြီး ချော်ရည်များကို လေထဲသို့ မီတာရာပေါင်း များစွာ ပန်းထွက်စေပြီး သစ်တောများကို ဖုံးလွှမ်းကာ ကန်နာရီကျွန်းစုမှ အနောက် မြောက်ဘက် အစွန်ဆုံးဖြစ်သောလာပယ် မာကျွန်းကို ဖြတ်သန်းသွားခြင်းဖြစ် သည်။ ဒဏ်ရာရသူ၊ သေဆုံးသူ မရှိသေး သော်လည်း မောင်းသူမဲ့လေယာဉ်မှ ရိုက် ကူးထားသည့်ပုံများအရ ချော်ရည်မဲများ မြေမျက်နှာပြင် တစ်ခု လုံးကို ဖုံးလွှမ်းပြီး မီးတောင် အနောက်ဘက်ခြမ်းမှပင်လယ် ဆီသို့ စီးဆင်းလျက်ရှိကြောင်း သိရ သည်။

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ