နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်းနှစ်ရာကျော်အထိ ရှိလာ

နယူးယောက်၊  စက်တင်ဘာ ၂၃


တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၂၂၉,၂၉၇,ဝ၈၅ ကျော်နှင့်သေဆုံးသူ ၄,၇၀၅,၅၈၆ ဦး ရှိနေပြီဖြစ်ကြောင်း နာမည်ကျော်ဝက်ဘ် ဆိုက်တစ်ခုဖြစ်သည့် worldometers ဝက်ဘ်ဆိုက် ထုတ်ပြန်ချက်အရသိရ သည်။ 


ထို့ပြင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ နိုင်ငံနှင့် နယ်မြေ ၂၂၁ ခုအထိသက် ရောက်နေပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ဖျားနာသူအများစုမှာ အပျော့စားမှအလယ်အလတ် လက္ခ ဏာများခံစားရပြီးနောက် အထူးကုသ မှုမခံယူဘဲ ပြန်ကောင်းကြကြောင်း သိရသည်။ 


သို့သော် အချို့မှာမူ ပြင်းထန်စွာ ဖျားနာပြီး ဆေးကုသမှု လိုအပ်လိမ့်မည် ဖြစ်ကြောင်း သတိပေးထားသည်။ 


အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ် တွင်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအမြင့် ဆုံးဖြစ်နေသော နိုင်ငံအဖြစ် ဆက်လက် ရှိနေပြီး ကူးစက်ခံရသူ ၄၂,ဝ၈၇,၂၈၂ ဦးနှင့် သေဆုံးသူ  ၆၇၃,၇၆၃ ဦး ရှိ နေကာ သေဆုံးသူဦးရေ တစ်သိန်းကျော် ရှိသောနိုင်ငံများမှာ    ဘရာဇီး ၅၉၀, ၇၅၂၊  အိန္ဒိယ ၄၄၄,၈၃၈၊  မက္ကဆီကို ၂၇၁,၃၀၃၊  ပီရူး ၁၉၉,ဝ၆၉၊ ရုရှား ၁၉၄,၆၇၁၊ အင်ဒိုနီးရှား ၁၄၀,၄၆၈၊ ဗြိတိန် ၁၃၅,၅၃၉၊ အီတလီ ၁၃၀,၃၁၀၊ ကိုလံဘီယာ ၁၂၅,၈၉၅၊ အီရန် ၁၁၇,၁၈၂၊ ပြင်သစ် ၁၁၆,၆၉၆)နှင့် အာဂျင်တီးနား ၁၁၄,၄၂၈ တို့ဖြစ်ကြောင်း သိရသည်။ 


တစ်ချိန်တည်းမှာပင် ကမ္ဘာ့လူဦးရေ ၏ ၄၃ ဒသမ ၁ ရာခိုင်နှုန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးအနည်း ဆုံးတစ်ကြိမ်ထိုးပြီးပြီဖြစ်ပြီး တစ်ကမ္ဘာ လုံးအတိုင်းအတာဖြင့် လူဦးရေ ၅ ဒသမ ၉၂ ဘီလျံကို ကာကွယ်ဆေး ထိုးရန် စီမံနိုင်ခဲ့ပြီး ယနေ့တွင် ကာကွယ်ဆေး ထိုးရန်   လူဦးရေ ၃၀ ဒသမ ဝ၄ သန်းခန့်ကို စီမံခန့်ခွဲနေကြောင်း သိရ သည်။               ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ