နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တွင် အကြမ်းဖက်စစ်သွေးကြွများ မရှိကြောင်း တာလီဘန် ငြင်းဆို

ကဘူးလ်၊  စက်တင်ဘာ ၂၃ 


အာဖဂန်နစ္စတန်နိုင်ငံတွင် အယ် ကိုင်ဒါအကြမ်းဖက်အဖွဲ့နှင့် အစ္စလာမ္မစ် အစွန်းရောက် ISIS အကြမ်းဖက်အဖွဲ့ များနှင့် ပတ်သက်သည့် စစ်သွေးကြွများ ဆက်ရှိနေနိုင်သည်ဆိုသည့် အမေရိကန် ၏ စိုးရိမ်ချက်မှာ အခြေအမြစ်မရှိ ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ပြောဆိုလိုက် သည်။ 


ပြီးခဲ့သည့် ရက်သတ္တပတ် အကုန် ပိုင်းက Nangarhar ပြည်နယ်တွင် တာလီဘန်များကို ပစ်မှတ်ထားပြီးဗုံး ခွဲတိုက်ခိုက်ခဲ့ခြင်းမှာ အာဖဂန်အခြေ စိုက် ISIS-K အဖွဲ့ကယင်းတို့လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့သည်။ 


အရှေ့အလယ်ပိုင်းဒေသရှိ IS အဖွဲ့ များနှင့် အဆက်အသွယ်ရှိသည်ဆိုသော အာဖဂန် ဒေသခံ ISIS-K အဖွဲ့သည် ထူး ထူးခြားခြား ခြိမ်းခြောက်နိုင်လောက် တဲ့ အခြေအနေမရှိကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 


အမေရိကန် ဗဟိုထောက်လှမ်းရေး ဌာန CIA ၏ ဒုတိယ ညွှန်ကြားရေးမှုး David Cohen ကမူ အယ်ကိုင်ဒါအဖွဲ့ များ အာဖဂန်တွင် ပြန်လည်လှုပ်ရှားမည့် လက္ခဏာများကို တွေ့မြင်နေရကြောင်း ပြောသည်။ 


အာဖဂန်ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်၏ စိုးရိမ်ချက်များသည် တမင်ဝါဒဖြန့်ခြင်းဖြစ်ကြောင်းပြော ခဲ့ကာ  တာလီဘန်အမျိုးသားဝန်ကြီး ၆၀ ခန့်ပါသော အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့ သည်။ အမေရိကန်ဘက်ကမူ တာလီဘန် ကို အစိုးရအဖြစ်   အသိအမှတ်ပြုရေးမှာ တာလီဘန်များ၏ လုပ်ရပ်အပေါ်တွင် သာ မူတည်လိမ့်မည်ဟု ပြောသည်။


တာလီဘန်များအနေဖြင့် အာဖဂန် နိုင်ငံကိုအသုံးပြုပြီး နိုင်ငံတကာကို မည် သည့်အကြမ်းဖက်အဖွဲ့ကမှ  မတိုက်ခိုက် စေရကြောင်း ကတိပြုထားသည်။

မျိုးဝင်း (ref;AFP)






အခြားဆက်စပ်သတင်းများ