နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်အချို့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊  စက်တင်ဘာ ၂၃


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင်ဟုမ္မလင်းမြို့နယ် ဟုမ္မလင်း-နောင်ပိုအောင် သွားကားလမ်း နောင်လွန် ကျေးရွာအုပ်စုနားနောက် ကျေးရွာအနီးတွင် ဆပ်ဘာမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၂၁ ကီလိုကိုလည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် မင်းနန္ဒာလမ်းမကြီး သင်္ဘောကျင်းမှတ်တိုင်အနီးတွင် ခိုင်ဖြိုးဝေ(ခ)ကုလားနှင့် ကျော်သူလွင်(ခ) နောင်နောင်တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၅ ပြားကိုလည်းကောင်း၊ အလားတူ စက်တင်ဘာ ၁၉ရက်၊ မွန်းလွဲ ၂ နာရီခွဲ တွင် မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဦးမြတ်လေးလမ်းနှင့် ထားဝယ်ကမ်းလမ်းဆုံ တွင် အောင်ကျော်သူ(ခ)အီဗလာဟင်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၇၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၁၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလော မြို့နယ် တောင်လားကျေးရွာအုပ်စု မြင်းတိုက်ကျေးရွာအနီးတွင် သိန်းမြင့်နှင့် အောင်ဝင်း(ခ)အောင်မင်းတို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၉၀၀ နှင့် လက်လုပ်တူမီးသေနတ်တစ်လက်တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။    ဆွေဦး






အခြားဆက်စပ်သတင်းများ