နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားပြော

ပြုံးယမ်း၊  စက်တင်ဘာ  ၂၂


အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် သြစတြေးလျတို့အကြား လုံခြုံရေး သဘောတူစာချုပ်ဖြစ်သော AUKUS သည် နျူကလီးယားလက်နက်ပြိုင် ဆိုင်မှုဖြစ်စေနိုင်ကြောင်း  မြောက် ကိုရီးယားက ရှုတ်ချပြောကြားလိုက် သည်။ AUKUS သဘောတူညီချက် သည် အာရှ-ပိစိဖိတ်ဒေသတွင် ကမောက်ကမ ဖြစ်စေမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦး က ပြောသည်။


မြောက်ကိုရီးယားအနေဖြင့် ယင်း သဘောတူညီချက်မှာ အမေရိကန်နှင့် ဗြိတိန်တို့က သြစတြေးလျကို နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရန် နည်းပညာပေးမည် ဖြစ်ပြီး ယင်းအပြုအမူမှာ အငြင်းပွား နေသော  တောင်တရုတ်ပင်လယ်၏ တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်သည့် အားထုတ်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြခြင်းဖြစ်သည်။


AUKUS သဘောတူစာချုပ်ကို လွန် ခဲ့သောရက်သတ္တပတ်က ကြေညာခဲ့ပြီး ခရုဇ်ဒုံးကျည်များ၊ ဉာဏ်ရည်တုနှင့် အခြားနည်းပညာများပါဝင်ကာ ထို စာချုပ်ကို တရုတ်နိုင်ငံကလည်းပြစ်တင် ဝေဖန်ပြီး ဒေသတွင်းငြိမ်းချမ်း ရေးကို ဖျက်ဆီးသည့် လက်နက်ပြိုင်ပွဲပြင်းထန် စေမည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကပြောခဲ့သည်။ 

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ