နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အလူမီနီယံ ကုန်ကြမ်းပြတ်လပ်မည်ကို ကမ္ဘာတစ်ဝန်း စိုးရိမ်နေရကြောင်း ကျွမ်းကျင်သူများ ပြော

နယူးယောက်၊  စက်တင်ဘာ  ၂၂


သမ္မတ အယ်လ်ဖာကွန်ဒီကို ယခုလ အစောပိုင်းက ဖြုတ်ချလိုက်သည့် ဂီနီ အာဏာသိမ်းမှုကြောင့် အလူမီနီယမ် တွင် အရေးပါသည့် ဒြပ်စင်ဖြစ်သော ဘောက်ဆိုက် ပြတ်လပ်မည်ကို ကမ္ဘာ တစ်ဝန်း စိုးရိမ်နေကြောင်း ကျွမ်းကျင်သူ များ ပြောကြားလိုက်သည်။

 

အနောက်အာဖရိကမှ ဂီနီနိုင်ငံ သည် ကမ္ဘာတွင်ဘောက်ဆိုက်အများဆုံး ထွက်ပြီး မတူးဖော်ရသေးသောဘောက် ဆိုက် ၇ ဒသမ ၄ ဘီလီယံတန် (သို့ မဟုတ်) ကမ္ဘာ့ စုစုပေါင်း ၏ ၄ ပုံ ၁ ပုံကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ အာဏာ သိမ်းစစ်အစိုးရကို ပိတ်ဆို့အရေးယူရန် တောင်းဆိုမှုများရှိလာသောကြောင့် အလူမီနီယံ ဈေးနှုန်းများ    မြင့်မားလာကာ ဂီနီမှ ဘောက်ဆိုက်များ၏ ထက်ဝက် ကို ထုတ်လုပ်နေသည့် ရုရှား အလူမီနီယံ လုပ်ငန်း Rusal ကလည်း အခြေအနေ ပိုမိုဆိုးရွားလာပါက ထိုနိုင်ငံမှဝန်ထမ်း များကို ဘေးလွတ်ရာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ပြောကြားထားသည်။ 


အာဏာသိမ်းခေါင်းဆောင် ဗိုလ် မှူးကြီး မာမာဒီ ဒွန်ဘိုယက နိုင်ငံတကာ လုပ်ငန်းများနှင့် တွင်းထွက်တင်ပို့ သည့် လုပ်ငန်းလိုင်စင်များသည် ဆက်လက် တရားဝင်ကြောင်း အာမခံထားသည်။

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ