နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာပတ်လမ်းသို့ ပထမဆုံးအလည်အပတ်သွားရောက်သည့်အဖွဲ့ အောင်မြင်စွာပြန်လည်ရောက်ရှိလာ

ဝါရှင်တန်၊  စက်တင်ဘာ ၂၂


ကမ္ဘာပတ်လမ်းကြောင်းသို့ ပထမ ဆုံးအကြိမ်အဖြစ် အလည်အပတ်သွား ရောက်ခဲ့သည့် SpaceX ၏ Inspiration4  အဖွဲ့သည် အတ္တလန္တိတ်သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ Inspiration4 အဖွဲ့သည် ကျွမ်းကျင် သော အာကာသမှူးမပါဘဲ ကမ္ဘာမြေ ပတ်လမ်းကြောင်းတွင် လည်ပတ်သည့် ပထမဆုံးအဖွဲ့ဖြစ်ပြီး အာကာသခရီး သွားခြင်းအတွက် စာမျက်နှာအသစ် ဖွင့်လှစ်ပေးခဲ့ကာ အပျော်တမ်းခရီးသွား ၄ ဦးသည် ဂြိုဟ်လမ်းကြောင်းတွင် သုံး ရက်တာလည်ပတ်ပြီးနောက် ကမ္ဘာမြေ ပေါ်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။


ယင်းအဖွဲ့သည် ဖလော်ရီဒါရှိ ကနေဒီ အာကာသစင်တာမှ စတင်ထွက်ခွာခဲ့ ခြင်းဖြစ်ကာ ထွက်ခွာပြီး သုံးနာရီအကြာ တွင် အမြင့် ၃၆၃ မိုင်ရှိသော ဂြိုလ်ပတ် လမ်းကြောင်းသို့ ရောက်ရှိခဲ့သည်။   ထို အမြင့်သည်  နိုင်ငံတကာ အာကာသ စခန်း သို့မဟုတ် Hubble အာကာသ ကြည့်မှန်ပြောင်းထက် ပိုမြင့် မားသည်။ တက်စလာ လျှပ်စစ်ယာဉ်၏ CEO ဖြစ် သူ အီလွန်မက်စ်  တည်ထောင်ထား သော SpaceX သည် အာကာသ အတွင်းအလည်အပတ်သွား ရောက်မည့် ပုဂ္ဂလိကယာဉ်များကို တစ်နှစ်လျှင် ၆ ကြိမ်အထိ တိုးမြှင့်ရန် မျှော်မှန်းထား ကြောင်း သိရသည်။

မျိုးဝင်း (ref;Reuters)






အခြားဆက်စပ်သတင်းများ