နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သို့ လာရောက်မည့်ပြည်ပခရီးသွားများအတွက် နိုဝင်ဘာမှစ၍ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျော့မည်

ဝါရှင်တန်၊  စက်တင်ဘာ ၂၂


လာမည့်နိုဝင်ဘာလ လဆန်းပိုင်း လောက်မှစပြီး အမေရိကန်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားများ အတွက် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့် သတ်ချက်များကို  ဖြေလျှော့ပေးမည် ဖြစ်ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန် ပြောကြားသည်။ 


နွေရာသီအားလပ်ရက် ကာလ မတိုင်ခင်ကတည်းက အီးယူဥရောပ နိုင်ငံများအနေဖြင့် အမေရိကန်ခရီး သွားများအပေါ် ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့သော်လည်း အမေရိကန် နိုင်ငံကမူ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း ၁၈ လခန့် နိုင်ငံခြား ခရီးသွားများအပေါ် ကန့်သတ် မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


အမေရိကန်၏ မူဝါဒအသစ်အရ နိုင်ငံခြားခရီးသွားများသည် ကိုဗစ် ကာကွယ်ဆေးကို ဆေးပတ်လည်အောင် ထိုးနှံပြီးကြောင်းပြသနိုင်ပါက နိုင်ငံအ တွင်း ဝင်ရောက်နိုင်မည်ဖြစ် ကြောင်း သမ္မတအိမ်ဖြူတော်၌   ကိုဗစ်-၁၉ ဆိုင် ရာ တာဝန်ခံ Jeff Zients က ပြော သည်။ ခရီးသွားတွေအနေဖြင့် အမေရိ ကန်နိုင်ငံတွင်း ဝင်ရောက်မည့် လေယာဉ် ခရီးစဉ် မစတင်မီ ၃ ရက် အတွင်း Covid ပိုးမရှိကြောင်း စမ်းသပ်ထားသည့် ဆေး လက်မှတ်ပြသ ခြင်း (သို့)လေယာဉ်ပေါ် မတက်မီအချိန်တွင် ကာကွယ်ဆေး အပြည့်ထိုးနှံပြီးကြောင်း ပြသခြင်းများ ပြုလုပ်နိုင်ပါက ဝင်ရောက်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ