နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုး စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ရန်ကုန်၊  စက်တင်ဘာ ၂၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ် မြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ                   မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ခိုဝိန်းနယ်မြေ အမှတ် (၁၀/၁၃၇) အခန်း ၁၀ တွင် ငှားရမ်းနေထိုင်သူ ကျောက်ကွမ်ကြူ (ခ) ကျောက်၏ နေအိမ်ကို  သတင်းအရ ရှာဖွေရာ နေအိမ်အတွင်းမှ ငွေကျပ် သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၀၀၀၀ နှင့် စိတ်ကြွ ရူးသွပ်ဆေးပြားအကြေ ၂ ဒသမ ၄ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။                                   

 ဆွေဦး






အခြားဆက်စပ်သတင်းများ