နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့နယ် ဦးဝိစာရအိမ်ရာအတွင်းပေါက်ကွဲမှုဖြစ်

ရန်ကုန်၊   စက်တင်ဘာ ၂၁


ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်၊ ဦးဝိစာရအိမ်ရာ တိုက်(၁)နှင့်(၂)ကြား အမှိုက်ပုံးမှ စက်တင်ဘာလ ၂၀ ရက်၊ ညနေ ၄ နာရီ ၅၅ မိနစ်က ပေါက်ကွဲမှု ဖြစ်ပွားသည်။ 


ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အမှိုက်ပုံးအတွင်းမှ  ပေါက်ကွဲပြီး မော်တာ အသေး (၁) ခု၊ စပီကာအသေး(၁) ခု၊ ဖုန်းလီသီယံ ဘက်ထရီအပြား(၁) ခု၊ စပန်နာစအနည်းငယ်တို့ တွေ့ရှိရသဖြင့် လက်လုပ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း၊  ပေါက်ကွဲမှုကြောင့် လူထိခိုက် ခြင်းမရှိဘဲ အမှိုက်ပုံးအနီးရှိကားဂိုဒေါင် တွင် ရပ်ထားထားသည့် ယာဉ်အမှတ် YGN- 1N/xxxx Toyota Wish အဖြူရောင်ယာဉ်၏ ဝဲဘက်ခြမ်းရှေ့/ နောက်တံခါးမှန်(၂)ချပ်ကွဲ၊ ဝဲဘက် ကိုယ်ထည် ဆေးပွန်းခြစ်ရာများနှင့် ယာဉ်၏ ရှေ့လေကာမှန်ကြီး ကွဲအက်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးကျပ် ၁၀ သိန်းခန့်ရှိ ကြောင်းနှင့်  ပြစ်မှုကျူးလွန်သူကို စုံစမ်း ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ