နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနား၊ လားရှိုးနှင့် တောင်ကြီးမြို့နယ်တွင် ဘိန်းဖြူများသိမ်းဆည်းရမိ

ရန်ကုန်၊  စက်တင်ဘာ ၂၀


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမကြီး အနီးတွင် အေးနိုင်လင်း မောင်းနှင်ပြီး မရူထု(ခ)အဘွတ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာဘိန်းဖြူ သုည ဒသမ ၁၈ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ည ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် လားရှိုး-မိုင်းယော်သွားကားလမ်း တာပုံကျေးရွာအုပ်စုတာပုံကျေးရွာ နီးတွင် အိုက်ပွင့်မောင်းနှင်လာသည့် ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ဘိန်းဖြူ၊ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တောင်ကြီးမြို့နယ် တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း နန်းဟောင်း ကျေးရွာအုပ်စု နောင်ပယ်ကျေးရွာ အနီးတွင်  ဖြိုးဝေကျော်(ခ) အောင်ဖြိုးဝင်း  မောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန့်ရှာဖွေရာစိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၀၀ ကို လည်း ကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။                                   

  ဆွေဦး






အခြားဆက်စပ်သတင်းများ