နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်ရှိ အိမ်ထောင်စု(၁၀၀)အတွက် အခြေခံစားသောက်ကုန်များကို We Love Yangon မှ လာရောက်လှူဒါန်း

ရန်ကုန်   မေ  ၂၇


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ချောင်းဝကျေးရွာ၊ ခနောင်မီးခြစ်ကျေးရွာနှင့် ခနောင်တောထဲ ကန်ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၁၀၀ အတွက် အခြေခံစားသောက်ကုန်များကို မေ ၂၆ ရက် နံနက် ၁၁ နာရီက We Love Yangonမှ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ထို့သို့လှူဒါန်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် We Love Yangon မှ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၆ ပြည်၊ နေကြာဆီ ၅၀ သား၊ ကြက်သွန်နီတစ် ပိဿာ၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ ၅ ဘူး၊ ကော်ဖီမစ် ၅ ထုပ်၊ မော့မစ် ၅ ထုပ်၊ ရှူးရှဲလက်ဖက် ၁၀ ထုပ်တို့ကို ခနောင်ချောင်းဝကျေးရွာရှိ အိမ်ထောင်စု ၄၂ စု၊ ခနောင်မီးခြစ်စက်ကျေးရွာရှိ အိမ်ထောင်စု ၄၉ စု နှင့် ခနောင်တောထဲကန်ကျေးရွာရှိ အိမ်ထောင်စု ၉ စု၊  စုစုပေါင်းအိမ်ထောင်စု ၁၀၀ စု တို့သို့ အခြေခံစားသောက်ကုန် ၉ မျိုးအား ဒေသခံပြည်သူများ၏ အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြရာ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့စဉ်။                               


နိုင်လင်းကျော်(ဒလ)






အခြားဆက်စပ်သတင်းများ