ရန်ကုန်၊ စက်တင်ဘာ ၁၉
ကမာရွတ်မြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ပြည်လမ်း၊ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း ဂိတ် ၃ ၏အုတ်တံတိုင်း အပြင်ဖက်တွင် စက်တင်ဘာ ၁၈ ညနေ ၃ နာရီ ၃၅ မိနစ်အချိန်က မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ အစိမ်းရောင် လက်ဆွဲ အိတ်အတွင်း John Barr တံဆိပ် အနီရောင် စက္ကူဘူး၌ ထည့်ထား သော အရှည် ၆ လက်မ၊ အချင်း ၂ လက်မခန့်ရှိ နှစ်ဖက်ပိတ် အပြာရောင် PVC ပိုက်တစ်ခု၊ အနက် ရောင် HBO Keypad Phone တစ်လုံး၊ ၁ လက်မ သံမူလီ ၅၀ ချောင်းတို့ ပါဝင်သည့် ဖောက်ခွဲရေးပစ္စည်း များကိုတွေ့ရှိသဖြင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့မှ သိမ်းဆည်းခဲ့ ကြောင်းနှင့် ဖြစ်စဉ်အား ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရ သည်။ မိုးမြင့်မောင်