နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာနက်လိုင်း မရရှိနိုင်သော အခြေခံပညာကျောင်းပေါင်း ၃၀ဝ၀ ခန့်ကို သင်ကြားရေးအထောက်အကူပြု DBE Box များ ဖြန့်ဝေပေးသွားမည်

ရန်ကုန်  မေ  ၂၇


အင်တာနက်လိုင်း မရရှိနိုင်သော အခြေခံပညာကျောင်းပေါင်း ၃၀ဝ၀ ခန့်ကို သင်ကြားရေးအထောက်အကူပြု DBE Box များ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။


အဆိုပါ DBE Box များသည် အင်တာနက်လိုင်း မလိုအပ်ဘဲ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းများနှင့် ချိတ်ဆက်ကာ သင်ကြားမှုနည်းလမ်းများကို ကြည့်ရှုနိုင်စေရန် တီထွင်ဖန်တီးထားသောစက်ဖြစ်ပြီး ဆရာ၊ ဆရာမများအတွက် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ထို DBE Box များထဲတွင် ပြဋ္ဌာန်းစာအုပ်များနှင့် ဆရာလမ်းညွှန်စာအုပ်များ စီစဉ်ထည့်သွင်းကြောင်း သိရသည်။ 


ဖုန်းအော်ပရေတာ တယ်လီနော၊ ယူနီဆက်(မြန်မာ)နှင့် အခြားအလှူရှင်များမှ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာနမှနေ၍ ယင်း DBE Box များကို နိုင်ငံတစ်ဝန်းရှိ အင်တာနက်လိုင်း မရရှိနိုင်သော အခြေခံပညာကျောင်းပေါင်း ၃၀ဝ၀ ခန့်သို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


"အင်တာနက်လိုင်းမရနိုင်တဲ့ အရပ်ဒေသတွေက ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေအတွက် သင်ထောက်ကူအဖြစ် အသုံးပြုနိုင်မယ့် DBE Box တွေ တပ်ဆင်ပေးမှာပါ။ အဲဒီစက်တွေကို အခြေခံ ပညာဦးစီးဌာနက ဒီဘတ်ဂျက်အတွင်းမှာပဲ စတင်ထုတ်ပေးမှာဖြစ်သလို တယ်လီနောကနေလည်း ရခိုင် ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က အင်တာနက်မရတဲ့ ကျောင်းပေါင်း ၁၂၀ လောက်ကို စတင်တပ်ဆင်ပေးသွားပါမယ်" ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထို့အပြင် ယူနီဆက်(မြန်မာ)ကလည်း ကချင်ပြည်နည်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်မှ ကျောင်းပေါင်း ၁၀ဝ ခန့်ကို DBE Box များ တပ်ဆင်ပေးသွားမည်ဖြစ်ပြီး အွန်လိုင်းပညာသင်စနစ်သည် မြန်မာနိုင်ငံအတွက် အလှမ်းဝေးနေသေးသော်လည်း ပထမဆုံးခြေလှမ်းအနေနှင့် ယခုကဲ့သို့ DBE Box များ တပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


 ကိုဆောင်း(ဥက္ကလာ)                                                                                                                                






အခြားဆက်စပ်သတင်းများ