နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်း(MNA) ၏ ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်အား မေ ၃၁ ရက်တွင် ထပ်မံပြေးဆွဲပေးမည်

ရန်ကုန်  မေ  ၂၇


မြန်မာအမျိုးသားလေကြောင်း(MNA) နှင့် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19  ကူးစက်ကာလအတွင်း ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) ကို မေ ၃၁ ရက်တွင် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နေရပ်သို့ပြန်လိုကြသော စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဆင်ပြေစေရန်အတွက် မြန်မာ အမျိုးသားလေကြောင်း(MNA) အနေနှင့် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များကို မေ ၇ ရက်၊ ၉ ရက်၊ ၁၃ ရက်၊ ၁၆ ရက်နှင့် ၂၁ ရက်တို့တွင် အသီးသီးပြေးဆွဲပေးခဲ့ပြီး ယခုထပ်မံ၍ ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကိုလည်း မေ ၃၁ ရက်တွင် ပျံသန်းပြေးဆွဲပေးရန် စီစဉ် ဆောင် ရွက်ခြင်းဖြစ်သည်။


အဆိုပါ ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)ကို ပြေးဆွဲရာတွင် မေ  ၃၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်တွင် စင်ကာပူနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် ဖုန်းနံပါတ် 81990528 နှင့် 98273447 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


(ဆောင်းဦး)                                                                                                                            






အခြားဆက်စပ်သတင်းများ